DVB Logo
Home
မြန်မာသတင်း
AA ထိန်းချုပ်ဒေသများတွင် အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ ပေးမည့် ထီစနစ် စတင်မည်
DVB
·
May 25, 2026
Photo : AA
Photo : AA
Donate to DVB

အာရက္ခတပ်တော် ထိန်းချုပ်တဲ့ ဒေသတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀ ပေးမဲ့ ထီစနစ်ကို စတင်ဖွင့်လှစ်ရောင်းချမယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နဲ့  အခွန်ဌာန၊ ထီဌာနခွဲက အာရက္ခထီ (အာရက္ခလောင်ပေါ်) ကို လာမဲ့ ဇွန်လကနေစလို့ ရောင်းချသွားတော့မယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို ထီရောင်းချတော့မဲ့အပေါ် ကြိုဆိုသလို အလွန်အကျွံ မထိုးမိဖို့လည်းလိုအပ်တယ်လို့ မြောက်ဦး‌မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အစိုးရက တရားဝင်ထီဖွင့်တာကို ဝမ်းသာကြိုဆိုပါတယ်။ အခုလို ခက်ခဲနေတဲ့ချိန်မှာ ထီပေါက်သွားတဲ့သူ ရှိလာခဲ့ရင် ဝမ်းသာတယ်။ တဘက်မှာလည်း ထီတမျိုးတည်းကို အများကြီးထိုးတာ၊ အလွန်အကျွံမထိုးတာမျိုးတော့ မလုပ်မိဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

အာရက္ခထီစာအုပ် တွေမှာ ဂဏန်း ၆ လုံး ပါဝင်ပြီး ထီလက်မှတ်‌တွေကို အာရက္ခပြည်တွင်းက  နီးစပ်ရာ အာရက္ခထီဌာနခွဲက ဖွင့်လှစ်ထားတဲ့ ထီအရောင်းဆိုင်တွေ၊ သက်ဆိုင်ရာ ခရိုင် မြို့နယ် အကောက်ခွန်နဲ့ အခွန်ဌာနရုံးတွေမှာ ဖြန့်ဖြူးရောင်းချသွားမယ်လလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်မှတ်တစ်စောင်ကို မြန်မာငွေ  ကျပ် ၁,၀၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ပထမဆုအဖြစ် ငွေကျပ် သိန်း ၅၀၀ ဆု ၁ ဆု၊ ဒုတိယဆု ငွေကျပ် သိန်း ၃၀၀ ဆု ၁ ဆု၊ တတိယဆု ငွေကျပ်သိန်း ၁၀၀ ‌ဆု ၁ ဆု၊ စတုတ္ထဆု ငွေ ကျပ် ၅ သိန်း ဆု ၆ ဆု၊ ပဉ္စမဆု ငွေ  ၁၀ သိန်းဆု ၁၀ ဆုနဲ့ ဆဋ္ဌမဆု ငွေ ၅ သိန်းဆု ၂၀ ဆု၊ စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆုအထိ ဖွင့်လှစ်ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခထီဖွင့်ပွဲကို လစဉ် လဆန်း ၁ ရက်နေ့တိုင်း ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ အာရက္ခထီဌာနခွဲမှာ  ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

ဖွင့်ပွဲကို အွန်လိုင်းနဲ့  တခြားမီဒီယာတွေကနေ  လစဉ် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး  ထီလက်မှတ်ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ခွဲဝေပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013