
လာမဲ့နှစ်အတွင်း ယူကရိန်းနိုင်ငံဟာ အစိုးရဘတ်ဂျက်ထဲကပုံလောက်ကို ကာကွယ်ရေးစ ၃ ပုံ ၂ ပုံလောက်ကို စရိတ်အဖြစ် လျာထားတယ်ဆိုပြီး တရားဝင် စာရွက်စာတမ်းတွေမှာ ဖော်ပြထား ပါတယ်။
ဒါဟာ ရုရှားနဲ့ဆင်နွှဲနေဆဲ စစ်ပွဲကာလမှာ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ ယူကရိန်း အစိုးရ အသုံးစရိတ် ဒေါ်လာ ၁၆၂ ဘီလီယံထဲက ၁၀၉ ဘီလီယံအထိကို နိုင်ငံ့လုံခြုံရေးအတွက် စံချိန်တင် အသုံးပြုသွားမှာပါ။
ဒါပေမဲ့လည်း ၄ နှစ်ခွဲ ရှိလာပြီဖြစ်တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းစီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ဒေါ်လာ ဘီလီယံနဲ့ချီအောင် ပျက်စီးဆုံးရှုံးခဲ့ရသလို ဘဏ္ဍာရေးအရ ဆိုရင်လည်း လိုငွေပြနေပြီဖြစ်ပါတယ်။
ယူကရိန်း ဘဏ္ဍာရေးဝန်ကြီး ဆာဂျီ မာချန်ကို ကတော့ “ဒါဟာ အစိုးရရဲ့ နံပါတ်တစ် ဦးစားပေး ကိစ္စရပ် ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ ယူကရိန်းအနေနဲ့ ကျူးကျော် လာသူကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့အတွက် ပြည်တွင်းမှာ ရနိုင်သမျှ အရင်းအမြစ်အားလုံး စုပြီး ပုံအောသုံးစွဲနေကြောင်း” မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အရဆိုရင်လည်း ကာကွယ်ရေးနဲ့ လုံခြုံရေး စရိတ်ဟာ ၄၄ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ဒါဟာ ရုရှားကျူးကျော်မှု စတင်ပြီးနောက်ပိုင်း အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။
အဲဒီထဲက ၃ ပုံ ၁ ပုံ နီးပါးဟာ စစ်သားတွေရဲ့ လစာဖြစ်ပြီး ကျန်တာကိုတော့ စစ်လက်နက်ပစ္စည်း တွေ ဝယ်ယူတဲ့နေရာမှာ အသုံးပြုမှာဖြစ်ကြောင်း သိရပါတယ်။
တဖက်မှာ နှိုင်းယှဉ်ကြည့်ရင် ရုရှားဘက်ကလည်း ကာကွယ်ရေးကဏ္ဍအတွက် ဒေါ်လာ ၁၆၁ ဘီလီယံပမာဏကို လျာထားတဲ့အလျောက် စုစုပေါင်းဘတ်ဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။
အစောပိုင်းမှာ စစ်ဒဏ်ခံနေရတဲ့ကြားထဲက ယူကရိန်းဟာ ကာကွယ်ရေးစရိတ်အတွက် ပြည်တွင်း ဝင်ငွေကိုသာ သုံးစွဲခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ပြည်ပက ထောက်ခံသူတွေရဲ့ အကူအညီပေးမှု ကို အားထားလာရပါတယ်။
ဒါကြောင့်ပဲ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက အကူအညီတွေ အပါအဝင် နောက်ထပ် ဒေါ်လာ ၅၃ ဘီလီယံကို တောင်းခံသွားရဖို့ ရှိတဲ့အကြောင်း ယူကရိန်းအစိုးရက အတည်ပြုပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ အလုံးစုံ ကျူးကျော်ဝင်ရာက်လာမှုကြောင့် ယူကရိန်းဟာ နိုင်ငံတကာ မိတ်ဖက်တွေဆီကနေ ဒေါ်လာဘီလီယံပေါင်း ၂၀၀ အထိ ဘဏ္ဍာရေးအကူအညီ ရရှိခဲ့ပြီး ဖြစ်သလို စစ်ရေးအကူအညီဆိုရင်လည်း ဒေါ်လာဘီလီယံနဲ့ချီအောင် တန်ကြေးရှိနေတာကို တွေ့ရပါတယ်။
Source:Reuters











