DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ကို တရားမဝင်လာသည့် ထိုင်းနိုင်ငံသားများအား အရေးယူရန် ပြင်ဆင်
DVB
·
July 23, 2026
Photo: DVB (ပုံဟောင်း)
Photo: DVB (ပုံဟောင်း)
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းကနေ တာချီလိတ်မြို့ကို လာပြီး တည်ဆဲဥပဒေတွေ ချိုးဖောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

အခုရက်ပိုင်းအတွင်း မယ်ဆိုင်ဘက်ခြမ်းမှာ မြန်မာကားသမားတချို့ အဖမ်းခံရပြီးနောက် အခုလို ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ တာချီလိတ်မြို့ခံတယောက်က “အဓိကတော့ ပြည်သူလူထုကလည်း ပြန်လုပ်စေချင်တယ်။ ပြန်လုပ်စေချင်တယ် ဆိုတာက အာဏာပိုင်တွေကို တခုခု ပြန်လုပ်စေချင်တယ်။ အဲဒီအတွက် အာဏာပိုင်တွေကလည်း ပြည်သူလူထုရဲ့၊ ဒေသခံတွေရဲ့ လိုလားတဲ့အသံကို ပြန်ထုတ်ပေးတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

မယ်ဆိုင်ကတဆင့် တာချီလိတ်ဘက်ခြမ်းကို လာပြီး တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေ အမြောက်အမြားရှိရာ အဲဒီသူတွေကို အရေးယူဖို့ အခုလို ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေက ကျေနပ်နေကြတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ဒေသခံတွေကတော့ ကောင်းတာပေါ့။ အရာရာကို ထိုင်းက ဖိနှိပ်ထားတာ။ ဆီဖြတ်လိုက်၊ မီးဖြတ်လိုက်၊ ပေးမဖြတ်လိုက်နဲ့ အကုန်လုံး ပတ်ဖြတ်ထားတာ။ အခုလိုပြန်လုပ်တော့ မြို့ခံတွေက ကြိုက်တာပေါ့” လို့ ပြောပါတယ်။

ဇူလိုင် ၂၀ ရက်က မယ်ဆိုင်မှာ မြန်မာနိုင်ငံသား ယာဉ်မောင်းနဲ့ သုံးဘီးမောင်းနှင်သူ ၁၀၀ ဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိ မယ်ဆိုင်မှာ အဖမ်းခံရတဲ့ ကားသမားတွေနဲ့ သုံးဘီးသမားတွေကို ပြန်လွှတ်ပေးဖို့ နှစ်ဖက် ဒေသအာဏာပိုင်တွေ အချင်းချင်း ညှိနှိုင်းနေပြီး ညှိနှိုင်းမှုအဆင်မပြေရင် ထိုင်းနိုင်ငံသားတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ လုပ်မယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသတွင်း သတင်းဌာနတခုကို ပြောထားပါတယ်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက “တကယ်လို့ ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင် ကျနော်တို့ဘက်ကလည်း သူတို့လုပ်တဲ့အတိုင်း ဥပဒေနဲ့အညီ မနေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်ပြီး အရေးယူမှာပါ” လို့ ပြောထားတာပါ။

ထိုင်းအခြေစိုက်သတင်းတွေကတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီး တရားမဝင် ဝင်ရောက်လာသူတွေဖြစ်လို့ ထိုင်းဒေသအာဏာပိုင်တွေက ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013