အိန္ဒိယနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဧပြီ ၂၅ ရက်က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)အထက် မြင့်တက်လာခဲ့ပါတယ်။
မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေက ဓာတ်ဆီဆိုင်တွေမှာ နေရောင်ကို ရှောင်ဖို့ လူတွေက ခေါင်းတွေကို ဖုံးထားပြီး ရေဘူးတွေကို ဖြည့်နေကြပါတယ်။
မြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဂိုရာ့ခ်ပူရ်မြို့မှာ လူတွေက အပူဒဏ်ကြောင့် အိမ်ထဲကနေ မထွက်ကြဘူးလို့ အမျိုးသားတယောက်က ပြောပါတယ်။
ဆေးရုံတွေမှာလည်း အထူးသဖြင့် ကလေးတွေကြားမှာ အပူနဲ့ဆက်စပ်သော ရောဂါတွေ မြင့်တက်လာတယ်လို့ သတင်းပို့ထားပါတယ်။
ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ မိုရာဒါဘတ်မြို့က ဆရာဝန်တယောက်က ခရိုင်ဆေးရုံမှာရှိတဲ့ ခုတင်အားလုံးနီးပါးမှာ လူပြည့်နေတယ်လို့ ပြောပါတယ်။
နိုင်ငံရဲ့ အစိတ်အပိုင်းအတော်များများမှာ အပူချိန်တွေ ဆက်ပြီးမြင့်တက်နေလို့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုရုံးက အပူလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Source: Reuters











