
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို ပစ်မှတ်ထားပြီး ပြင်းထန်ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နာဗီပီလေးဟာ အောက်တိုဘာ ၁၂ ရက်မှာ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့က ICC တရားရုံး ဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။
နိုဘယ်ဆုရှင် နာဗီပီလေးကို ကို ICC ဥက္ကဋ္ဌ တိုမိုကိုအာ့ခါ့နဲနဲ့ တခြား ICC တာဝန်ရှိသူတွေက ကြိုဆို ခဲ့ကြပါတယ်။
အောက်တိုဘာ ၁၃ ရက်မှာလုပ်တဲ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ကမ္ဘာ့နိုင်ငံတွေ အတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် အမေရိကန်နိုင်ငံရဲ့ အစဉ်အလာအခန်းကဏ္ဍကို ပြန်ရယူဆောင်ရွက်ဖို့ တိုက်တွန်း ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ICC ခုံရုံးအပေါ်နဲ့ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေအပြင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေအပေါ်ပါ တရားစီရင်ပိုင်ခွင့် အာဏာအပ်နှင်းထားတဲ့ ICC ရဲ့ ဥပဒေပြဋ္ဌာန်းချက် အပေါ်မှာ ဟိုးအရင်တည်းက ရန်လိုတဲ့သဘောထား ရှိခဲ့တယ်လို့ မီဒီယာတွေက သုံးသပ်ထား ပါတယ်။
Source: Reuters











