အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတွေဟာ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား မော်ဂန်ရော်ဂျာကို ခေါ်ယူဖို့ ပြန်ပြီး စိတ်ဝင်စားနေကြတယ်လို့ The Telegraph သတင်းစာက ရေးပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီကတည်းက သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၃ ကြိမ်အထိ ပြုလုပ်ထားပြီး အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားသွားဖို့ ရေပန်းစားနေသူ တယောက်ပါ။
ပြီးခဲ့တဲ့နွေရာသီကတည်းက ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ဆီကို ပြောင်းဖို့ သတင်းထွက်ခဲ့ပေမဲ့ ဗီလာက စာချုပ်ဖျက်သိမ်းကြေး မထည့်ဘဲ ၂၀၃၁ ပြည့်နှစ်အထိ စာချုပ်သက်တမ်း တိုးထားပါတယ်။
လက်ရှိမှာ အက်စတွန်ဗီလာက ရော်ဂျာရဲ့ ပြောင်းရွှေ့ကြေးကို အပိုဆုကြေးတွေ အပါအဝင် ပေါင်သန်း ၁၀၀ သတ်မှတ်ထားပါတယ်။










