DVB Logo
Home
မြန်မာသတင်း
ဒေါနအရှေ့ခြမ်းတွင် KNLA တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းတခုလုံးနီးပါး ပျက်စီး
DVB
·
August 4, 2026
KNLA ပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ Photo: KNU
KNLA ပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ Photo: KNU
Donate to DVB

ဒေါနအရှေ့ခြမ်းမှာ နယ်မြေစိုးမိုးရေးအတွက် ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတခုလုံးနီးပါး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေအတွင်းမှာရှိတဲ့ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက် လာတာလို့ ဆိုပါတယ်။

ဩဂုတ် ၃ ရက်က တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၂၀၃ နဲ့ ခမရ-၂၁၀ တို့ဟာ ဒေါနအရှေ့ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် KNLA တပ်ရင်း (၂၈) မှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြရာမှာ ခမရ ၂၀၃ က ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပြီးနောက် ရှေ့တန်းစစ်မြေပြင်မှာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း အများအပြားနဲ့ လက်နက်ခဲယမ်းအမြောက်အမြား ကျန်ရစ်ခဲ့ပါတယ်။

သိမ်းဆည်းရမိထားတဲ့ လက်နက် ခဲယမ်းတွေကတော့ MA-3 သေနတ် ၂ လက်၊ MA-2 သေနတ် ၂ လက်၊ MA-1 သေနတ် ၁ လက်၊ MA ပူးတွဲသေနတ် ၁ လက်၊ GPG လောင်ချာ ၁ လက်၊ MA BMA သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ MA ဘောက် ၁၂ ခု၊ MA ကျည် ၇၅၅ တောင့်၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ အီနာကာဗုံး ၅ လုံး၊ GPG ကျည် ၁ လုံးနဲ့ ပို့ရမ်း ၁ လုံးတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်လူရွယ်တွေ ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းကာ ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအရ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံနေရတဲ့ တပ်သားတွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်ကြဖို့ KNU က တိုက်တွန်းထား ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013