DVB Logo
Home
မြန်မာသတင်း
ခရီးသည်မိန်းကလေးတဦးခါးပိုက်နှိုက်ခံရမှု အရေးမယူနိုင်သည့်အပေါ် YBS တောင်းပန် (ရုပ်သံ)
DVB
·
November 15, 2017
ခရီးသည်မိန်းကလေးတဦးခါးပိုက်နှိုက်ခံရမှု အရေးမယူနိုင်သည့်အပေါ် YBS တောင်းပန် (ရုပ်သံ)
Donate to DVB

 

ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ YBS ၂၀ ယာဉ်လိုင်းပေါ်မှာ အောက်တိုဘာလကုန်ပိုင်းက ခရီးသည် မိန်းကလေးတဦး ခါးပိုက်နှိုက်ခံရပြီး  သက်သေ ဗွီဒီယိုဖိုင်ကို ရဲကိုပေးခဲ့ပေမယ့် အခုအချိန်ထိ အရေးမယူခဲ့တဲ့အပေါ် ယာဉ်လိုင်းက တောင်းပန်လိုက်ပါတယ်။

ယာဉ်လိုင်းတာဝန်ရှိသူ တယောက်ဖြစ်တဲ့ ဦးစန်းယုက “ကောင်မလေးက သိသွားတယ်။ သိသွားတော့ ပြောတယ်။ ပြောတော့ ခါးပိုက်နှိုက်တွေက ဆင်းသွားတယ်။ ဆင်းကာနီး ဆဲဆို သွားတယ်။ ဒါပါပဲ။ ကားသမားတွေက ဘာကြောင့် ရဲစခန်းကို မမောင်းတာလဲ ဆိုတာကတော့ ကာယကံရှင်မဟုတ်လို့ မပြောနိုင်ဘူးလေ။” လို့ ပြောပါတယ်။

ကားပေါ်က မှတ်တမ်းဗွီဒီယိုမှာ ခါးပိုက်နှိုက်လို့ ယူဆရသူတွေက ဆင်းသွားပြီး သူတို့နဲ့ အတူ ၁၅ ယောက်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီ ဗွီဒီယိုဖိုင်နဲ့ နိုဝင်ဘာ ၂ ရက်နေ့က စမ်းချောင်းရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ပေမယ့် အနှိုက်ခံရသူကိုယ်တိုင် အမှုဖွင့်ရမယ့် သဘောဖြစ်တယ်လို့ ဦးစန်းယုက ပြောပါတယ်။

“ခရီးသွားပြည်သူတစ်ယောက်အပေါ် ကျူးလွန်တဲ့လုပ်ရပ်ကို သေချာသတင်းပေး တိုင်တန်း ပါသော်လည်း အရေးမယူနိုင်တာကြောင့် ကာယကံရှင်မိန်းကလေးနဲ့တကွ ခရီးသွား ပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်”လို့ YBS ၂၀ ယာဉ်လိုင်းရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013