ရီးရဲလ်မက်ဒရစ်အသင်း ဘက်တစ်ကို ရှုံးနိမ့်
DVB
·
September 5, 2026

ဒီမနက်အစောပိုင်းက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ၄ မှာ ရီးရဲလ်ဘက်တစ်က အိုင်ယာလန် တိုက်စစ်မှူး ထရွိုင်ပါးရော့တ်ရဲ့ သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်ကို (၁-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေကတော့ ပွဲပြီးခါနီး ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ပါးရော့တ်ဟာ ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာ လူစားဝင်လာပြီး ဘက်တစ် အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ပိတ်သွင်းယူခဲ့တာပါ။
ဒီပွဲရှုံးနိမ့်မှုကြောင့် ရီးရဲလ်မက်ဒရစ်နည်းပြ မော်ရင်ညိုရဲ့ ၃ ပွဲဆက် အနိုင်ရလဒ် ရပ်တန့် သွား ခဲ့ပါတယ်။
Photo:Reuters











