
နွေဦးတော်လှန်ရေးမတိုင်မီ ၁၀ နှစ် (၂၀၀၁ -၂၀၁၁) နဲ့ စစ်တပ်က မတရား ရက်ရက်စက်စက် အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ အထိ ၁၂ နှစ်တာကာလ မြန်မာနိုင်ငံ အကြောင်း တကမ္ဘာလုံးက သိစေဖို့ ရေးတဲ့ "မှတ်တမ်းဝတ္ထု" လို့ မသီတာ (စမ်းချောင်း) က ဆိုပါတယ်။
ဒီမိုကရေစီပန်းတိုင်အတွက်
ဝင်္ကဘာတံတိုင်းများကို
မှန်ကန်ရဲရင့်စွာ ဖြိုချရင်း
အသက်ခန္ဓာစွန့်စားပေးခဲ့ကြသော
ဆက်လက်ရုန်းကန်ရှင်သန်နေကြသော
မြန်မာလူထုအတွက်
မသီတာ (စမ်းချောင်း) ဆိုပြီး ရေးသားထားတာပါ။
တနည်းအားဖြင့် နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ CDM၊ PDF၊ ထောက်ပို့ရဲဘော်တွေနဲ့ နည်းလမ်းစုံသုံး လှုပ်ရှားနေကြတဲ့ ပြည်သူအားလုံးအတွက် "အံ့စရာ့ဝင်္ကဘာ" ကိုရေးတာလို့ ပြောလိုက်တာပါ။
သာသနာဖျက် မိစ္ဆာစစ်သည်တို့အား
ကျိန်စာတိုက်ပါသည်။
ရဟန်းရှင်လူ ပြည်သူအပေါင်း သွေးမြေကျအောင်
နှိပ်စက်နေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ
သွေးခဲသွေးနက် ပွက်ပွက်ထွက်၍
ကိုယ်လက်ပြောင်းပြန် သွေးခဲအန်ပြီး သေပါစေ။ ။
ဆိုတဲ့ ကျိန်စာသပိတ်၊ မင်းနန်သူကျိန်စာသပိတ်တွေကစ ပန်းသပိတ်တွေ Silent Strike အသံတိတ်သပိတ်တွေအထိ သပိတ်တွေ၊ ဆန္ဒပြပွဲတွေ၊ CDM ပေါ်ပေါက်လာပုံ၊ PDF၊ NUG၊ CRPH စသဖြင့် နွေဦတော်လှန်ရေး အင်အားစုကြီတွေ ပေါ်ပေါက်လာပုံတွေ၊ လှုပ်ရှားမှုတွေ၊ ရှေ့ခရီးမျှော်လင့်ချက်တွေ ပါဝင်တဲ့စာအုပ်ပါ။ ဆရာမက စစ်တပ်အာဏာသိမ်းသံသရာမှာ မြန်မာဟာ ထွက်ပေါက်ပိတ် "ဝင်္ကဘာ" ထဲ ရောက်နေရတာလို့ စာအုပ်မှာ ရှင်းလင်းစွာ ရေးထားပါတယ်။ လမ်းပေါ်ရောက်အောင် ဖေါက်ထွက်ရမယ်။ အကယ်၍ လမ်းဆုံး ပန်းတိုင် ရောက်လိုသော် လမ်းပေါ်တွင်သာ ခရီးဆက်သင့်တယ်လို့ ပြောလိုက်ပါတယ်။ စာအုပ်ပါ အခန်းလိုက် ခေါင်းစဉ်တွေကတော့ . . .
"လမ်း" ပေါ်မှာလား။
"ဝင်္ကဘာ" ထဲမှာလား
တံတိုင်း။
ဝင်္ကဘာဇာတ်ထွဋ် ၊
ဇန်နဝါရီ ၂၀၂၁ လမ်းကြောင်း။
နွေဦးအစ လမ်းကြောင်း။
ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းခြင်း CDM နှင့် ကာကွယ်ပေးပိုင်ခွင့်ကို တောင်းဆိုခြင်း
ကုလမြန်မာကိုယ်စားလှယ်၏ CDM လှုပ်ရှားမှု
နွေဦးတော်လှန်ရေးအားအကြမ်းဖက်ဖြိုခွဲခြင်း
ကျန်းမာရေးဝန်ထမ်းများ၏တော်လှန်သစ္စာ
လမ်းကြောင်း။ လူငယ်များ၏အခန်းကဏ္ဍ
နွေဦးစာမျက်နှာသစ်အမျိုးသားညီညွတ်ရေးအစိုးရ
တံတိုင်း။ ဝင်္ကဘာတံတိုင်းများ ၂၀၂၀
ထောင့်ချိုး ပတ်သက်အဖွဲ့ဖုံဖုံ ရှု့မြင်ပုံအသွယ်သွယ်
ဗမာမဟုတ်တိုင်းရင်းဒေသများ၏တော်လှန်ရေး
ထောင့်ချိုး။ နိုင်ငံတကာ၏တုံ့ပြန်န်မှုများ
တံတိုင်း။ ဝင်္ကပါတံတိုင်းများ ၂၀၁၂ထောင့်ချိုး။
နေရာစုံက တုံ့ပြန်မှု့အစုံ လမ်းကြောင်း။
မတူညီသောတိုင်းရင်းသားအစုများကြားက စည်းလုံးမှုနဲ့ နားလည်မှုတံတိုင်း။
နွေဦးမတိုင်မီနှင့် နွေဦးကာလအတွင်း ဘာသာရေးခေါင်းဆောင်အချို့၏ အခန်းကဏ္ဍ
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတဲ့ အခန်းတွေ ပါဝင်ပါတယ်။
နောက်ထပ်လည်း အခန်းတွေ အများကြီးကျန်ပါသေးတယ်။ အားလုံးရေးပြရင် တော်တော်ရှည်မှာပါ။ ကျန်တာတွေမှာတော့ " ထောက်ပို့များအကြောင်း" " အာဏာသိမ်းစစ်တပ်ကိုခုခံခြင်း"စတဲ့ အခန်းတွေစသဖြင့် အခန်းခေါင်းစဉ် များစွာကို ရင်သပ်ရှုမော၊ စိတ်ဓာတ်တက်ကြွ၊ ခံပြင်းဒေါသ၊ ရင်ခုန်လှုပ်ရှား ဖွယ်ရာ ရေးသားထားတာပါ။
နိဂုံးပိုင်းကတော့ "အံ့စရာ့ဝင်္ကပါ၏တံတိုင်းအချို့အား ဖြိုချခြင်း" အခန်းပါ။ ဒီအခန်းရဲ့နိဂုံး နိဂုံးရဲ့နိဂုံး စာအုပ်အဆုံးသတ်မှာတော့ . . .
“ဒီမိုကရေစီပန်းတိုင်အတွက် လျှောက်လမ်းမှာ မရေရာနေဆဲဟု ဆိုနိုင်သည့်တိုင်၊ သည်သပွတ်အူ ဝင်္ကဘာ၏ ကံကြမ္မာကို အတိအကျ မခန့်မှန်းနိုင်သေးသည့်တိုင်၊ နွေဦးတော်လှန်ရေးသည်ကား သည်သုံးနှစ်ကာလအတွင်းတွင် သည်ဝင်္ကဘာ၏ တံတိုင်းကြီးငယ် ထူပါးနိမ့်မြင့်များကို မနားတမ်းဆက်ကာ ဖြိုချနေသည်ချည်းသာ ဖြစ်သည်ကတော့ အမှန်ပင်။ မသီတာ (စမ်းချောင်း) ၂၆ ဒီဇင်ဘာ ၂၀၂၃” လို့ ရေးထားခဲ့တာပါ။ ။
မောင်တူး
စာအုပ်အမည် အံ့စရာ့ဝင်္ကဘာ
ဖြန့်ချိရေး Lazy Owl distribution
တန်ဖိုး $ . . .
စာမျက်နှာ ၄၉၀
စာအုပ်မူပိုင်ရှင် မသီတာ (စမ်းချောင်း)











