
ချဲလ်ဆီးအသင်းဟာ မန်ယူကနေ ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့တဲ့ အာဂျင်တီးနားကစားသမား အလီဂျန်ဒရို ဂါနာချိုကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးကို ရောက်ရှိခဲ့တာ တရာသီတောင် မပြည့်သေးတဲ့ ဂါနာချိုကို အခုလို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂါနာချိုဟာ နည်းပြသစ် ဇာဘီအလွန်ဆိုရဲ့ အသင်းနဲ့ ရာသီကြို လေ့ကျင့်ခန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ တခြားကစားသမားတွေ ရာသီကြိုလေ့ကျင့်ခန်းတွေ ပြန်စနေချိန်မှာ ဂါနာချို မပါဝင်တာကို တွေ့ရတာပါ။
ဒါကြောင့် ကလပ်ဘက်က သူ့ကို အမြန်ဆုံး ပြန်ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါလို့ သတင်းတွေက ဖော်ပြပါတယ်။
ပေါင် သန်း ၄၀ တန် ကစားသမားတယောက်ကို တရာသီအတွင်းမှာပဲ ပြန်ရောင်းချဖို့ လုပ်ဆောင်တာဟာ အံ့အားသင့်စရာဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေပါတယ်။










