
တရုတ်နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ဟာ လွတ်လွတ်လပ်လပ်ကုန်သွယ်မှု အဆင့်မြှင့်တင်းရေး ညှိနှိုင်းဖို့ ပြီးစီးခဲ့ပြီး ဩဂုတ် ၂၀ ရက်က လက်မှတ်ထိုးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
လက်မှတ်ရေးထိုးပွဲကို ဆွစ်ဇာလန် စီးပွာရေး၊ ပညာရေးနဲ့ သုတေသနဝန်ကြီးဌာန ဝန်ကြီး ဂိုင်းပါမီလင်နဲ့ တရုတ်ကုန်သွယ်ရေးဝန်ကြီးတို့ ဘန်းမြို့မှာ တွေ့ဆုံပြီးနောက် လွတ်လပ်စွာ ကုန်သွယ်ဖို့ သဘောတူညီမှုပြီးဆုံးတဲ့အကြောင်း ကြေညာခဲ့တာပါ။
တရုတ်နဲ့ ဆွစ်ဇာလန်တို့ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ လွတ်လပ်စွာ ကုန်သွယ်ဖို့ လက်မှတ်ထိုးခဲ့ပြီး ၂၀၁၄ ဇူလိုင်လမှာအသက်ဝင်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံနဲ့ ဥရောပတိုက်ရဲ့ နိုင်ငံ ၁ နိုင်ငံကြား ပထမဆုံးသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ ဆွစ်ဇာလန်တို့ဟာ ၂၀၂၄ ခုနှစ်မှာ ခေတ်မီပြီး ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်ဖို့ စတင် ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်သစ်အရ ဆွစ်ဇာလန်ရဲ့ ကုန်တင်ပို့မှုဟာ ၉၉ ဒသမ ၈ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်၊ ဂျာမနီပြီးရင် တရုတ်နိုင်ငံဟာ ဆွစ်ဇာလန်အတွက် တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာမှာဖြစ်ပါတယ်။
၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ၂၀၁၅ မှာ ဆွစ်ဖရန့် ၃၁ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖရန့် ၅၁ ဒသမ ၂ ဘီလီယံ ရှိခဲ့ပါတယ်။
ဆွစ်ဇာလန်ဟာ တရုတ်နိုင်ငံကို ဓာတုပစ္စည်းများ၊ ဆေးဝါး၊ ကိရိယာတွေနဲ့ နာရီတွေ တင်ပို့တဲ့ ကြီးမားတဲ့ ဈေးကွက်ရှိတယ်လို့ ရိုက်တာ ဖော်ပြပါတယ်။
Source:Reuters











