ယူကရိန်းဟာ ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးစနစ်တွေ လစဉ်အထောက်အပံ့ရဖို့အတွက် အမေရိကန်နဲ့ သဘောတူခဲ့ပေမဲ့ ပိုလိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၈ ရက်မှာ ဆားဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်နဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောလိုက်ပါတယ်။
ရုရှားပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချဖို့ လေကြောင်းကာကွယ်ရေးစွမ်းရည် လုံလောက်အောင် မရှိလို့ လိုအပ်တဲ့ ပက်ထရီရော့တ် ဒုံးကျည်တွေကို ဥရောပနိုင်ငံတချို့အပြင် ဂျပန်နဲ့ တောင်ကိုရီးယားတို့က ယူကရိန်းကို ကူညီနိုင်တယ်လို့ ဇလန်းစကီး က ပြောပါတယ်။
ယူကရိန်းနဲ့ ဆားဘီးယားနှစ်နိုင်ငံစလုံးက ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ဖြစ်ချင်နေကြတာပါ။
ဇလန်းစကီး က ဗူဆစ်နဲ့ ဆွေးနွေးရာမှာ ခေါင်းဆောင်တွေဟာ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးကို ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










