DVB Logo
Home
မြန်မာသတင်း
ကသာ ပရဟိတအဖွဲ့များကောက်ခံရရှိသည့် အလှူငွေ ရခိုင်ပြည်သူများအား လှူဒါန်း
DVB
·
September 30, 2017
ကသာ ပရဟိတအဖွဲ့များကောက်ခံရရှိသည့် အလှူငွေ ရခိုင်ပြည်သူများအား လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး အခက်အခဲကြုံနေတဲ့ ရခိုင်ပြည်သူတွေကိုကူညီဖို့ ငွေသိန်း ၁၀၀ ကျော်နဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဒီနေ့မနက် ကသာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကို လှူဒါန်းခဲ့ပါတယ်။

ဧရာကမ်းသာလူမှုကူညီရေးအသင်းမှ ကိုကျော်မျိုးဦးက “ကျနော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခရောက်နေပြီး အကူအညီလိုအပ်နေသူတွေကို ကူညီနိုင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ကာ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ မော်လူး မှာရှိတဲ့ ပရဟိတညီအစ်ကိုတွေ ပူးပေါင်းပြီး အလှူခံတယ် အလှူခံလိုက်တဲ့နေရာမှာ Pandora Music Band နဲ့ Level One Music Band တို့ပူးပေါင်းပြီး အလှူခံ ပါတယ်။ အစပိုင်းက ရခိုင်အရောက်သွားရောက်ဖို့ရာ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့်အကြောင်း အမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘဲ ကသာမြို့က ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကို ဒီနေ့လှူဒါန်း ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ကသာခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကို ငွေသိန်း ၁၀၀ ကျော်နဲ့ စားသောက်ကုန် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ဒီနေ့မနက် ၁၁ နာရီက ကသာမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ရာ ကသာခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကသာ၊ဗန်းမောက်၊ အင်းတော်၊ မော်လူးမှလူမှုကူညီရေး အသင်းတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013