
အင်္ဂလန်လက်ရွေးစင် အမျိုးသမီးဘောလုံးသမား လူစီဘရွန်းဇ်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို သပိတ်မှောက်ဖို့ ပထမဆုံး ထောက်ခံလိုက် ပါတယ်။
ဖီဖာဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုအပေါ် ဖိအားတွေ ဆက်တိုက် တိုးလာနေတာပါ။ ဘောလုံးလောကရဲ့ ကောင်းကျိုးအတွက် ဒီလိုလုပ်ဆောင်တာပါလို့ လူစီဘရွန်းဖ်က ပြောပါတယ်။ ဒီလိုထောက်ခံမှုတွေက ဖီဖာအဖွဲ့ချုပ်အပေါ် ဖိအားတွေ ပိုတိုးလာစေမှာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေရောင်းဖို့ ကြိုးစားခဲ့တဲ့ အင်ဖန်တီနိုကို ဆက်လက် အယုံအကြည် မရှိတော့ကြောင့် ဥရောပဘောလုံးအဖွဲချုပ်က ကြေညာထားပါတယ်။
အင်ဖန်တီနိုက မော်ရိုကိုမှာ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ရာထူးတည်မြဲဖို့ ကြိုးပမ်းခဲ့တာပါ။ UEFA ကတော့ အင်ဖန်တီနို ရာထူးက မဆင်းရင်လာမဲ့ ကမ္ဘာ့ဖလားတွေကို သပိတ်မှောက်မယ်လို့ တုံ့ပြန်ထားတာပါ။
ဘရွန်းဇ်က ဘောလုံးလောက ရေရှည်အနာဂတ်နဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနိုင်ဖို့ လိုအပ်ရင် ဘောလုံးပွဲတွေကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
Photo: Reuters










