
၂၀၂၆ ခုနှစ် စက်တင်ဘာလ တလတာအတွင်း မန္တလေးဒေသအတွင်းရှိ မြို့နယ်တွေမှာ စစ်အာဏာရှင်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား ၃၉ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ (EMC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြို့နယ်အလိုက် ထိခိုက်သေဆုံးမှုတွေထဲမှာ ငါန်းဇွန်မြို့နယ်မှာ သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၀ ယောက်၊ မြင်းခြံမြို့နယ်မှာ သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၄ ယောက်၊ နွားထိုးကြီးမြို့နယ်မှာ သေဆုံးသူ ၃ ယောက်နဲ့ ဒဏ်ရာရသူ ၅ ယောက်တို့ ဖြစ်ကြပါတယ်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်မှာ သေဆုံးသူ ၃ ယောက်နဲ့ ညောင်ဦးမြို့နယ်မှာ သေဆုံးသူ ၂ ယောက်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ထိခိုက်သေဆုံးခဲ့ရသူ ၃၉ ယောက်အနက် ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၃ ယောက်တို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။










