DVB Logo
Home
မြန်မာသတင်း
သထုံတွင် တရားမဝင်သယ်ဆောင်လာသည့် သစ်များ ဖမ်းမိ
DVB
·
September 9, 2017
သထုံတွင် တရားမဝင်သယ်ဆောင်လာသည့် သစ်များ ဖမ်းမိ
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ် သထုံ-ဘားအံကားလမ်းပေါ်ရှိ ဒူးရင်းဆိပ်ဘိနယ် ကြာပန်းကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်အနီးတွင် စက်တင်ဘာလ ၈ ရက်နေ့က တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိခဲ့ပါတယ်။

သထုံမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ဌေးဦးက “ကရင်ပြည်နယ် ဘက်ကနေ သထုံဘက်ကိုသယ်လာတယ်၊ သထုံကနေတဆင့် ပေါင်မြို့နယ်ဘက်ကို သွားပို့မယ်လို့ ယာဉ်မောင်းကို စစ်တဲ့အခါမှာသိရတယ်၊ သစ်ကတော့ တောသစ်တွေပါ။ ပိုင်ရှင်တော့မပါလာဘူး၊ တောသစ်ဖြစ်တဲ့အတွက် သစ်တောဥပဒေအရပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။

သထုံမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ကြီး တင်ဌေးဦးနဲ့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြာပန်းတိုးဂိတ်အနီး စုပေါင်းဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် ဘားအံကနေ သထုံကို ဦးကျော်ဖောင် (ခ) ဦးစောကျော်ချိန်ဖေါ့ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ်ခွဲသား ၇၃ ချောင်း၊ ကာလတန်ဖိုး ၂၄ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သထုံသစ်တောဦးစီးဌာနက တရားမဝင်သစ်သယ်ဆောင်လာတဲ့ ဦးကျော်ဖောင်ကို သစ်တောဥပဒေပုဒ်မ-၄၁ (က) နဲ့ အရေးယူထားပြီး တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013