DVB Logo
Home
မြန်မာသတင်း
သထုံတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး
DVB
·
August 4, 2017
သထုံတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှာ သြဂုတ် ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်လောက်က လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်သဖြင့် နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပါတယ်။

“လေဆင်နှာမောင်းက ညကဝင်သွားတာ။ ဓနိမိုးထရံကာအိမ်တွေ ပြိုကျတယ်။ စာသင်ကျောင်းတွေ၊ ဂိုထောင်တွေနဲ့ အချို့အိမ်တွေက အမိုးလန်တာတွေဖြစ်တယ်။ လူတွေ၊ တိရစ္ဆာန်တွေတော့ ထိခိုက်မှုမရှိဘူး။ ဖြစ်သွားတဲ့နေရာက လူတွေကိုတော့ နီးစပ်ရာ ဆွေမျိုးတွေဆီကို ပြောင်းရွှေ့ပေးထားပါတယ်” လို့ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မရမ်းကုန်း၊ သရက်တော(အမက) ကျောင်းဆောင် သွပ်တွေ လန်တာ၊ ဓနိမိုး၊ ထရံကာ နေအိမ် ၅ လုံး ပြိုကျပျက်စီးပြီး နေအိမ် ၆ လုံးနဲ့ ဂိုထောင် ၁ လုံးတို့မှာ သွပ်အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လေတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၁ အိမ်၊ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၇ ဦးအား နီးစပ်ရာဆွေမျိုးများထံ ပို့ဆောင်နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတာတွေကို ရှင်းလင်းဖို့နဲ့ လေဘေးသင့်ပြည်သူမျာအား ထောက်ပံကူညီရန် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေတယ်လို့ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013