DVB Logo
Home
မြန်မာသတင်း
သထုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ
DVB
·
August 10, 2017
သထုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ
Donate to DVB

သထုံမြို့နယ်၊ ကြာပန်း-၀ီယော်ခရိုင်ချင်းဆက်လမ်း၊ အင်းရှည်ကျေးရွာနဲ့ သမ္ဘာန်ကျေးရွာအစပ်တံတား အနီးမှာ သြဂုတ် ၉ ရက် မနက်ပိုင်းက လူတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့တယ်လို့ သုဓမ္မ၀တီနယ်မြေရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံမြို့နယ်၊ သုဓမ္မ၀တီအပိုင်၊ သမ္ဘာန်ကျေးရွာနေသူ ဦးလှမင်း ၅၃ နှစ်ဟာ ယောက္ခမတော်စပ်သူ ဦးဖားတစ်ဘော(ခ)စံရီ ၆၈ နှစ် (သေဆုံးသူ) ဟာ သြဂုတ် ၇ ရက်နေ့ ညပိုင်းက အရက်မူးပြီး နေအိမ်မှထွက်သွားလို့ လိုက်လံရှာဖွေခဲ့ရာ သြဂုတ် ၉ ရက် မနက်ပိုင်း စမ်းချောင်းရေထဲမှာ ဘေးတစောင်းသေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သုဓမ္မ၀တီနယ်မြေရဲစခန်းက စခန်းမှူးရဲအုပ်အေးမြင့်က “ဒဏ်ရာရရှိသေဆုံးအောင် ပြုလုပ်ခဲ့တဲ့သူကိုတော့ ပုဒ်မ-၃၀၂ နဲ့အမှုဖွင့်ထားပါတယ်။ သေဆုံးသူက စမ်းချောင်းထဲမှာ ဓားဒဏ်ရာအချက်ပေါင်း ၃၄ ချက်နဲ့ သေဆုံးနေတာပါ။ လောလောဆယ် အခင်းဖြစ်ပွားပုံကိုတော့ ပြောလို့မရသေးပါဘူး။ တရားခံကိုတော့ မမိသေးပါဘူး။ အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် အဖွဲ့ခွဲပြီး စုံစမ်းနေပါတယ်” လို့ပြောပါတယ်။

သုဓမ္မ၀တီ နယ်မြေရဲစခန်းက သေဆုံးအောင်ပြုလုပ်ခဲ့သူကို ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013