YBS စီးနင်းရန် ပရဟိတအဖွဲ့က ငွေစက္ကူအကြွေများလဲလှယ်ပေး (သတင်းဓာတ်ပုံ)
DVB
·
September 6, 2017

1 / 6
ရန်ကုန်မြို့တွင်း ဘတ်စ်ကားစီးရာမှာ ခရီးသွားတွေ အခက်အခဲတွေ့နေတဲ့ ငွေအကြွေပြဿနာကို ကူညီဖြေရှင်းနိုင်ဖို့အတွက် ‘YBS ခရီးသွားတွေအသံ’ ပရဟိတအဖွဲ့က ဒီနေ့မနက် ရန်ကုန်မြို့တော်ခန်းမ ဆူးလေမှတ်တိုင်မှာ ၁၀၀ ကျပ်တန်နဲ့ ၂၀၀ ကျပ်တန် ငွေစက္ကူတွေကို လဲလှယ်ပေးနေပါတယ်။
ခရီးသွားတယောက်ကို ကျပ် ၃၀၀၀ ဖိုးအထိ လဲပေးပြီး ဒီနေ့မှာတော့ ကျပ် ၁၅ သိန်းဖိုး ငွေစက္ကူအကြွေလဲပေးနေတာပါ။ အဆိုပါ ပရဟိတအဖွဲ့အနေနဲ့ ရန်ကုန်မြို့က တခြား YBS ကားမှတ်တိုင်တွေမှာလည်း လှည့်လည်ပြုလုပ်နေတယ်လို့ သိရပါတယ်။










