
အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အကူအညီပေးရေးလုပ်ငန်းအဖွဲ့ (UNAMA)ရဲ့ ဝန်ထမ်း ၂ ယောက်ကို ထောက်လှမ်းရေးအရာရှိတွေက ဖမ်းဆီးထားပြီး သူတို့ဆီ သွားရောက်လည်ပတ်ခွင့်ကို UN မစ်ရှင်ဆီ အသိပေးမထားသေးဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်သူက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်ရဲ့ လက်တွေ့ထောက်လှမ်းရေး အထွေထွေညွှန်ကြားရေးမှူးရုံးက အရာရှိတွေက ဟီရတ်မြို့က အမျိုးသားဝန်ထမ်း ၂ ယောက် ကို သြဂုတ် ၉ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟခ်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့အပေါ် စွဲချက်တင်ထားတာကို UNAMA ကို အသိမပေးသေးဘဲ သူတို့ဆီ သွားရောက်လည်ပတ်ခွင့်လည်း မရှိသေးဘူးလို့ ဖာဟန်ဟခ်က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ဝန်ထမ်းတွေကို ပေးထားတဲ့ အထူးအခွင့်အရေးတွေနဲ့ ကင်းလွတ်ခွင့်တွေကို လိုက်နာဖို့ အာဖဂန်နစ္စတန် အာဏာပိုင်တွေကို ကုလသမဂ္ဂမစ်ရှင်က တောင်းဆိုထားတယ်လို့လည်း သူက ထပ်ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမိန့်အောက်မှာ လည်ပတ်နေတဲ့ UNAMA က အဖမ်းအဆီး တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံနေခဲ့ပါတယ်။
အခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးရ သတင်းအချက်အလက် တစုံတရာ မရှိသေးဘူးလို့လည်း ဟက်ခ်က ပြောပါတယ်။
Source: Reuters











