ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ နော်ဝေပွဲမှာ အရန်ခုံမှာသာ ရှိခဲ့ပြီး ဒိန်းမတ်ပွဲမှာလည်း ပွဲထွက်ခွင့်မရတာကြောင့် လက်ရွေးစင်စခန်းကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ ဂျော့ဂျေးဆုကတော့ ရော်နယ်ဒိုအနေနဲ့ ဆန္ဒရှိရင် အသင်းဆီ ပြန်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
ပေါ်တူဂီအသင်းဟာ နော်ဝေကို ၂-၁ ဂိုးနဲ့ နိုင်ပြီးနောက် နေးရှင်းလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကို တက်လှမ်းထားတာ ဖြစ်ပါတယ်။
နည်းပြဂျေးဆုက ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝကို သူ့ဘာသာ ဆုံးဖြတ်ပြီး အဆုံးသတ်သင့်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၃၄ ပွဲ ကစားပေးထားပြီး ၁၄၆ ဂိုး သွင်းယူကာ ကမ္ဘာ့စံချိန်တင်ထားပါတယ်။
အသင်းဖော် ကန်ဆယ်လိုကလည်း ရော်နယ်ဒိုဟာ အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး ကိစ္စရပ်တွေ ကောင်းမွန်စွာ အဆုံးသတ်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။










