DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ရဟတ်ယာဉ်ပျက်ကျပြီး အီကွေဒေါ ထောက်လှမ်းရေးညွှန်ချုပ် အပါအဝင် ၇ ဦး သေဆုံး
DVB
·
August 20, 2026
Photo: KENYA RED CROSS
Photo: KENYA RED CROSS
Donate to DVB

ကင်ညာနိုင်ငံ၊ ဆမ်ဘူရူးခရိုင်မှာ ဩဂုတ် ၁၉ ရက်က ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် အီကွေဒေါနိုင်ငံရဲ့ ထောက်လှမ်းရေးအကြီးအကဲနဲ့ သူ့ရဲ့ဇနီးတို့ အပါအဝင် စီးနင်းလိုက်ပါလာသူ အားလုံး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ မီဒီယာသတင်းတွေမှာ ထုတ်ပြန်ပါတယ်။

မတော်တဆမှုဟာ ဩဂုတ် ၁၉ ရက် မနက် ၉ နာရီ ၁၃ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ ၇ ယောက်ထဲမှာ အီကွေဒေါ မဟာဗျူဟာပိုင်း ထောက်လှမ်းရေးဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မိုက်ကယ် လီဆန်စီ ကွန်တူဂျီနဲ့ သူ့ဇနီး စတက်ဖနီ ဟိုလီဟန်တို့ ပါဝင်ပါတယ်။

အီကွေဒေါအစိုးရဘက်က အသေးစိတ် မထုတ်ပြန်သေးပေမဲ့ သမ္မတရုံးက အစိုးရကိုယ်စား ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို သမ္မတဟောင်း ဂီးယာမို လာဆိုကလည်း ကွန်တူဂျီ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

ဆမ်ဘူရူးခရိုင်ဟာ သဘာဝရှုခင်းတွေကြောင့် ခရီးသွားတွေအကြားမှာ ရေပန်းစားတဲ့ ဒေသတခု ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ ဝေဟင်နဲ့ မြေပြင် ဓာတ်ပုံတွေမှာတော့ သစ်တောထူထပ်တဲ့ တောင်ပေါ်က ပျက်ကျရာနေရာကနေ မီးခိုးတွေ ထွက်နေပြီး ကင်ညာ ကြက်ခြေနီအဖွဲ့ဝင်တွေက မီးလောင်နေဆဲ ရဟတ်ယာဉ် အစိတ်အပိုင်းတွေဆီ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

ရဟတ်ယာဉ်မောင်း အပါအဝင် ကျန်တဲ့ သေဆုံးသူ ၅ ယောက်ကတော့ အမေရိကန်နိုင်ငံသားတွေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

NBC Universal သတင်းဌာနရဲ့ သတင်းထောက် ဟိုဆေး အယ်လ်ဘာတို ဆွာရက်ဇ်နဲ့ မိုင်ယာမီမှ စားသောက်ဆိုင်ပိုင်ရှင် ရိုဂျာဒွာတေးတို့ ပါဝင်ကြောင်း သိရှိရပြီး ကျန် အမေရိကန် ၄ ယောက်ကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသေးပါဘူး။

NBC Universal နဲ့ အမေရိကန် လွှတ်တော်အမတ် ကားလို့စ် အန်တိုနီယို ဂီမေးနက်ဇ် တို့က ဝမ်းနည်းကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

ကင်ညာမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (KCAA) ရဲ့ ပြောကြားချက်အရ ယူရိုကော့ပ်တာ အမျိုးအစား ရဟတ်ယာဉ်ဟာ လွိုင်ဆာဘာ သဘာဝထိန်းသိမ်းရေးစခန်းကနေ အဝါဆိုညဲရိုးမြစ်ဆီ ရှုခင်းကြည့် ပျံသန်းရင်း အိုလိုလော့ကဝီ တောင်အနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ကင်ညာနိုင်ငံမှာ ရဟတ်ယာဉ်ပျက်ကျမှုတွေက မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အန်ဘီယွန်း ခရီးသွားလုပ်ငန်းနဲ့ လေဒီ လိုရီ ဟယ်လီကော့ပ်တာ ကုမ္ပဏီတို့က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး အာဏာပိုင်တွေက ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013