DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ယွမ်ငွေပါ အသုံးပြုနိုင်ဟု MIC ထုတ်ပြန်
DVB
·
March 19, 2026
Photo : Reuters
Photo : Reuters
Donate to DVB

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းတွေ ပြန်လည်မြင့်တက်နေချိန်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေမှာ ဒေါ်လာတင်မကဘဲ တရုတ်ယွမ်ငွေကိုပါ အသုံးပြုခွင့်ပေးလိုက်တယ်လို့ မတ် ၁၆ ရက် ရက်စွဲနဲ့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံသူတွေဟာ အဆိုပြုချက်နဲ့ အတည်ပြုလျှောက်ထားလွှာတွေ တင်ပြတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမဲ့ နိုင်ငံခြားမတည်ငွေရင်းကို ဒေါ်လာအပြင် တရုတ်ယွမ်ငွေ (CNY) နဲ့ပါ တင်ပြလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ယူဆောင်လာတဲ့ ငွေကြေးအမျိုးအစားအလိုက် AD လိုင်စင်ရဘဏ်တွေကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုတွေကို ဆောင်ရွက်နိုင်မယ်လို့လည်း သိရပါတယ်။

စီးပွားရေးစောင့်ကြည့်သူတွေကတော့ ဒါဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုမြန်ဆန်စေဖို့ ရည်ရွယ်တာလို့ သုံးသပ်ကြပါတယ်။ ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာအပေါ်မှီခိုမှုလျှော့ချဖို့ ယွမ်ငွေကို ပိုမိုအသုံးပြုဖို့ အားပေးနေပြီး Online Trading Platform ကနေလည်း ယွမ်ငွေတွေကို ပုံမှန်ရောင်းချပေးနေပါတယ်။

နောက်ဆုံးရ ငွေလဲနှုန်းတွေအရ Online Trading Platform မှာ တရုတ်ယွမ်ငွေ သတ်မှတ်နှုန်းက ၁ ယွမ်ကို ၅၅၇ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်မှာတော့ ၆၁၂ ကျပ်အထိ ရှိနေပါတယ်။ အလားတူ အမေရိကန်ဒေါ်လာကလည်း ပြင်ပစျေးကွက်မှာ ၄၂၂၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဖေဖော်ဝါရီနှောင်းပိုင်းကစလို့ တဖြည်းဖြည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013