
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဖာဘရီဂတ်စ်ဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ လီယမ်ရိုဆင်နီယာရဲ့ နေရာမှာ အစားထိုးဖို့ သတင်းထွက်နေတာတွေနဲ့ ပတ်သက်ပြီး သူဟာ လက်ရှိ ကိုမိုအသင်းမှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နည်းပြ ရိုဆင်နီယာကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အသင်းဟောင်းမှာ နည်းပြအဖြစ် ပြန်လာဖို့ ဖာဘရီဂတ်စ်က ရေပန်းစားနေတာပါ။
ကိုမိုအသင်းပိုင်ရှင်က ဖာဘရီဂတ်စ်အနေနဲ့ ချဲလ်ဆီးကို သွားချင်တယ်ဆိုရင် တားဆီးမှာ မဟုတ်ဘူး လို့ ပြောဆိုခဲ့ပေမဲ့ ဖာဘရီဂတ်စ်ကတော့ သူ့အသင်းကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပ ပြိုင်ပွဲဝင်ခွင့်ရဖို့ပဲ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ် နည်းပြက လက်ရှိမှာ တခြားအကြောင်းအရာတွေကို စဉ်းစားနေမှာ မဟုတ်ဘဲ ကျန်ရှိနေတဲ့ ပွဲစဉ်တွေကိုပဲ အာရုံစိုက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ချဲလ်ဆီးကတော့ နည်းပြသစ် ရှာမတွေ့ခင်အထိ ယာယီနည်းပြ ကလန် မက်ဖာလိန်းနဲ့ပဲ ဆက်သွားဦးမှာ ဖြစ်ပါတယ်။











