DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက် ၃ ဦးကို မြန်မာလူ့အခွင့်အရေးကော်မရှင်တွေ့ဆုံမည်
DVB
·
August 7, 2017
ဖမ်းဆီးခံသတင်းထောက် ၃ ဦးကို မြန်မာလူ့အခွင့်အရေးကော်မရှင်တွေ့ဆုံမည်
1 / 3
Donate to DVB

 

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ၃ ဦးတို့ကို မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မရှင်အဖွဲ့ဝင်တွေက တွေ့ဆုံဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ ဒေါက်တာမြင့်ကြည် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ကမ္ဘောဇ လေကြောင်းလိုင်းနဲ့ လားရှိုးမြို့ကိုရောက်ရှိပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်ဟာ ၅ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်း သီပေါအကျဉ်းထောင်မှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ၃ ဦးကို သွားရောက်တွေ့ဆုံမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

ဒါ့အပြင် လားရှိုးမြို့ပေါ်က အကျဉ်းထောင်၊ တရားရုံးအချုပ်ခန်း၊ ရဲစခန်းအချုပ်ခန်းတွေကို သွားရောက် စစ်ဆေးမှာဖြစ်သလို နမ္မတူမြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို သွားရောက်ပြီး စစ်ရှောင်ပြည်သူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013