DVB Logo
Home
မြန်မာသတင်း
တိုင်းနှစ်တိုင်းတွင် အငြင်းပွားမြေနုကျွန်းများ စိစစ်ရန် ကွင်းဆင်းစစ်ဆေး
DVB
·
June 11, 2017
တိုင်းနှစ်တိုင်းတွင် အငြင်းပွားမြေနုကျွန်းများ စိစစ်ရန် ကွင်းဆင်းစစ်ဆေး
Donate to DVB

 

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက အငြင်းပွားမြေနုကျွန်းတွေကို စိစစ်ဖို့အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လယ်ယာမြေစိစစ်ရေးကော်မတီတွေက ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက ရွှေသောင်းကျေးရွာမြေနုကျွန်း ပတ္တာမြားမြေနုကျွန်းတွေနဲ့ ပဲခူးတိုင်းဒေသကြီး မိုးညှိမြို့နယ် မြေနုကျွန်းတွေကို တိုင်းဒေသကြီးနှစ်ခုက ဘယ်အပိုင်းကို ဘယ်တိုင်းက ပိုင်ဆိုင်တယ်ဆိုတာတွေကို မြေနုကျွန်းပေါ်ချိန် ကိုင်းလုပ်ကိုင်ချိန်တွေမှာ နှစ်စဉ် အငြင်းပွားနေတာပါ။

အင်္ဂပူမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင် က "လောလောဆယ် ဒီဘက်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ခရိုင်အဆင့် မြို့နယ်အဆင့်က လယ်ယာမြေစိစစ်ရေး ကော်မတီတွေ ကွင်းဆင်းစစ်ဆေးတယ်၊ ဆုံးဖြတ်ချက်ကတော့ မချသေးပါဘူး။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ အဖြေထွက်မှာ၊ ခုဟာ စိစစ်မူတွေ လုပ်နေတာပဲရှိပါသေးတယ်”လို့ ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းဘေ ဒေသတွေမှာ မြေနုကျွန်း ပြဿနာတွေ နှစ်စဉ် ဖြစ်ပေါ်နေကြတာပါ။

ကျေးရွာနှစ်ရွာ ပိုင်ဆိုင်အငြင်းပွားတာတွေနဲ့ ခု တိုင်းဒေသနှစ်ခု ပိုင်ဆိုင်မှု အငြင်းပွားတာတွေ နှစ်စဉ်ဖြစ်ပေါ်နေပြီး အချို့ အငြင်းပွားမူတွေကိုတော့ ဖြေရှင်းပေးနိုင်တာတွေ ရှိသလို အချို့ဆို အငြင်းပွားတဲ့ ဧရိယာဧကတွေကို နှစ်ဘက် ကိုင်းစိုက်တဲ့ တောင်သူ မလုပ်ကိုင်ရပဲ ရပ်ဆိုင်းတာတွေ ရှိနေကြပါတယ်။

အင်္ဂပူမြို့နယ် ရွှေသောင်ကျွန်း ဒေသခံ ကိုဝင်းနိုင်က “ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးစေချင်ပါတယ်။ နှစ်တိုင်း စိုက်ပျိုးချိန်တွေမှာ သူမစိုက်ရ ကိုယ်မစိုက်ရ အငြင်းပဲပွားနေရတာတွေကြောင့် အဲလို မဖြစ်စေချင်တော့ပါဘူး။ ပြဿနာအပြီးသတ် မဖြေရှင်းနိုင်ရင် မလိုလား အပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်”လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲမှာ ကိုင်းစိုက်ပျိုဧက ၂ သောင်းကျော် ရှိပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013