DVB Logo
Home
မြန်မာသတင်း
အမျိုးသားရုပ်သံသတင်းဆု ဒီဗွီဘီသတင်းဌာန ထပ်မံရရှိ (ရုပ်သံ)
DVB
·
May 2, 2018
အမျိုးသားရုပ်သံသတင်းဆု ဒီဗွီဘီသတင်းဌာန ထပ်မံရရှိ (ရုပ်သံ)
Donate to DVB


မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ရွေးချယ်ပေးအပ်တဲ့ အမျိုးသားရုပ်သံသတင်းဆုကို ဒီဗွီဘီသတင်းဌာနက  ‘ကျောက်စိမ်းမြေမှ ပဋိပက္ခ’ ရုပ်သံသတင်းနဲ့ ရရှိသွားပါတယ်။

ဆဋ္ဌမအကြိမ်မြောက် ပေးအပ်တဲ့ အမျိုးသားသတင်းဆု ရရှိသူတွေရဲ့ စာရင်းကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက မေ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တ ဖြစ်ပါတယ်။

‘ကျောက်စိမ်းမြေမှ ပဋိပက္ခ’ရုပ်သံကို ဒီဗွီဘီသတင်းဌာနရဲ့ Close-Up အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်စီပွန်ဒေသက ကျောက်စိမ်းလုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒီဗွီဘီအဖွဲ့သားတွေက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

အခုနှစ်အတွက် အကောင်းဆုံးသတင်းဆောင်းပါးဆုကိုတော့ ‘ဖျာပုံမြို့အနီးက ကျွန်ပြုခံ ရေလုပ်သားများ’ ဆောင်းပါးနဲ့  ခင်မြတ်မြတ်ဝေ (The Voice) နဲ့ ‘အဆိုးဘုံ’ ဆောင်းပါးနဲ့ မင်းဇော်မင်း (ကမ္ဘောဇတိုင်း)တို့ ပူးတွဲရရှိသွားပါတယ်။

အကောင်းဆုံးကာတွန်းဆုကိုတော့  ကာတွန်းငွေကြည် (စံတော်ချိန်သတင်းစာ) ကရရှိပြီး အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့  ရန်ကုန်၊ တာမွေအဝိုင်းထိပ် ရေကြီးရေလျှံမှုဓာတ်ပုံနဲ့ ကြည်နိုင် (Eleven Daily) က ရရှိသွားပါတယ်။

အယ်ဒီတာအာဘော်ဆုကိုတော့ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုတာ လူ့အခွင့်အရေး တရပ်ပါ အာဘော်နဲ့ သံလွင်သွေးချင်းဂျာနယ်က ရရှိသွားပါတယ်။

သတင်းသူရဲကောင်းဆုကိုတော့ အငြင်းပွားဖွယ်ရာတွေ ရှိနေတဲ့အတွက် အခုနှစ်မှာ ရွေးချယ်ခြင်းမပြုခဲ့သလို အကောင်းဆုံးသတင်းဆုကိုလည်း လက်ခံရရှိတဲ့ သတင်းအရေအတွက် နည်းပါးလို့ ရွေးချယ်ခြင်းမပြုနိုင်ခဲ့ဘူးလို့ အမျိုးသားသတင်းဆုရွေးချယ်ရေးကော်မတီက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ပေးအပ်တဲ့  အမျိုးသားသတင်းရုပ်သံဆုကို ဒီဗွီဘီသတင်းဌာနရဲ့ ခေတ်ပြိုင်ကောက်ကြောင်းများအစီအစဉ်က ထုတ်လွှင့်သွားတဲ့  ‘သုခမြို့တော်’ရုပ်သံကနေ ဆုရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013