DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းဌာန မြန်မာနိုင်ငံတွင် အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်း လွှင့်ခွင့်ရရှိ
DVB
·
April 12, 2017
ဒီဗွီဘီသတင်းဌာန မြန်မာနိုင်ငံတွင် အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်း လွှင့်ခွင့်ရရှိ
Donate to DVB

ဒီဗွီဘီသတင်းဌာန အပါအဝင် ကုမ္ပဏီ ၅ ခုကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့် ချပေးလိုက်ပြီ ဖြစ်ပါတယ်။

အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်း လွှင့်ခွင့်ရမယ့် ကုမ္ပဏီ ၅ ခုစာရင်းကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက ဧပြီ ၁၁ ရက်ညက ထုတ်ပြန်ကြေညာသွားရာမှာ မဇ္ဈိမမီဒီယာ၊ Young Investment Group ကုမ္ပဏီ၊ ကောင်းမြန်မာအောင်ကုမ္ပဏီ၊ Fortune International ကုမ္ပဏီနဲ့ DVB Multimedia Group ကုမ္ပဏီတို့ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ပဏာမ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ ၁၀ ခုရဲ့ ပွင့်လင်းမြင်သာရှိမှု၊  ငွေကြေးရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခိုင်မာမှု၊ ဥပဒေဆိုင်ရာ နောက်ခံအကြောင်းအရာနဲ့ မူဝါဒလမ်းညွှန်မှုတွေ လိုက်နာဆောင်ရွက်နိုင်မှု အခြေအနေတွေကို အဆင့်ဆင့် စိစစ်ပြီးမှ ခုလို နောက်ဆုံး ၅ ခုကို ရွေးချယ် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

ခုလို အခမဲ့ရုပ်သံလွှင့်ခွင့်ရသွားတဲ့အတွက် ဒီဗွီဘီရုပ်မြင်သံကြားအစီအစဉ်တွေကို လက်ရှိ ဂြိုဟ်တုစလောင်းကနေ ဖမ်းယူကြည့်ရှုနေရရာကနေ ဒစ်ဂျစ်တယ် ရုပ်မြင်သံကြားစက်တွေကနေ နိုင်ငံတဝန်းမှာ ဖမ်းယူကြည့်ရှုနိုင်တော့မယ်လို့ ဒီဗွီဘီသတင်းဌာနရဲ့ မာလ်တီမီဒီယာအယ်ဒီတာ ဦးခင်မောင်စိုးက ပြောပါတယ်။

“MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဆိုတာ အစိုးရပိုင်တဲ့ သတင်းဌာန၊ အဲဒီသတင်းဌာနကနေပြီးတော့ သူတို့ဆီမှာ လစ်လပ်နေတဲ့ ချန်နယ် ၅ ခုကို ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့အတွက် အဲဒီ ပုဂ္ဂလိကပိုင် မီဒီယာတွေကနေပြီးတော့ ဖျော်ဖြေရေးတို့၊ ပညာပေးရေးတို့ သတင်းတို့ ထုတ်လွှင့်ခွင့်ရမယ်။ အဲလိုထုတ်လွှင့်တဲ့ဟာကို MRTV ဖမ်းယူနိုင်တဲ့ တယ်လီဗီးရှင်းတိုင်းမှာ အခမဲ့ ဖမ်းယူနိုင်မှာဖြစ်တယ်။ ဒီဗွီဘီဟာ အရင်တုန်းကဆိုရင် စလောင်းတပ်ပြီးမှ ထိုင်းနိုင်ငံထုတ်တဲ့ အိုင်ပီအမ်တို့၊ ပီအက်စ်အိုင်တို့လို စလောင်းတွေ တပ်ပြီးတော့မှ ကြည့်ရှုလို့ ရရာကနေပြီးတော့ ခုဆိုရင် MRTV စက်မှာပဲ ဖမ်းယူလို့ရသွားမယ်။ အစိုးရက လုပ်နေတာတော့ အရင်တုန်းက Analog စက်တွေကိုလည်းပဲ Digital Tuner စက်တွေ ဝေထားတာရှိတယ်။ ရောင်းတဲ့နေရာတွေလည်းရှိတယ်။ အဲဒီစက်ကလေးတွေတပ်ပြီးတော့ အရင်စက်အဟောင်းကြီးတွေနဲ့လည်း ကြည့်လို့ရမှာပါ။ အဲတော့ အများပြည်သူကနေပြီးတော့ အလွယ်တကူနဲ့ ဒီဗွီဘီကို ဖမ်းယူရရှိလို့ရမယ့် အနေအထားပါ။”

လုပ်ငန်းလုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ သဘောတူခွင့်ပြုချက်လက်မှတ်ရေးထိုးပြီး ၆ လလောက်အတွင်းမှာ ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ဖို့ ပြင်ဆင်ရမှာဖြစ်ပြီး တနှစ်အတွင်း စတင်ထုတ်လွှင့်ရမှာ ဖြစ်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ Multi- Channel Playout စနစ်မှာ Digital Free-to-Air ချန်နယ် ၅ ခုအတွက် Content Provider အဖြစ် လုပ်ကိုင်လိုသူတွေကို ဖိတ်ခေါ်ခဲ့ရာမှာ ပထမအဆင့် အောင်မြင်တဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်း ၄၂ ခု၊ ဒုတိယအဆင့်မှာ ၂၉ ခု၊ တတိယအဆင့်မှာ ၁၀ ခုနဲ့ ခု နောက်ဆုံးအဆင့်မှာ ၅ ခုကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ရွေးချယ်မှုအဆင့်ဆင့်ကိုတော့ အကြံပေးကုမ္ပဏီဖြစ်တဲ့ Tun Group Asia ကုမ္ပဏီက စိစစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013