
ဆက်သွယ်ရေး ဥပဒေပုဒ်မ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို ဗဟန်းတရားရုံးက ဒီကနေ့ အာမခံပေးလိုက်ပါ တယ်။
ကျည်ထောင်စုသစ္စာ သရော်စာကို The Voice အွန်လိုင်းစာမျက်နှာမှာ တင်ပြီးတဲ့နောက် သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်နဲ့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို တပ်မတော်က တရားလိုလုပ်တရားစွဲခဲ့တာပါ။
ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့ရုံးချိန်းမှာတော့ ကိုကျော်မင်းဆွေကို လူပုဂ္ဂိုလ် ၂ ယောက်ရဲ့ ကျပ်သိန်း ၅၀ စီ အသီးသီးနဲ့ အာမခံပေးလိုက်တာဖြစ်ပြီး နောက်ရုံးချိန်းတွေမှာ အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
ဒီသရော်စာဖော်ပြမှုနဲ့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးသူကို တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုပြီး ဗဟန်းရဲစခန်းက ဇွန်လ ၂ ရက်က ဖမ်းဆီးခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်မှာတော့ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်ကို စွဲဆိုထားတဲ့ပုဒ်မနဲ့ မသက်ဆိုင်တာကြောင့် တရားသူကြီးက အမှုကနေ ပလပ် ပယ်ဖျက်ပေးခဲ့တဲ့အတွက် တရားသေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူ စာရေးဆရာ ဗြိတိသျှကိုကိုမောင်နဲ့ The Voice Daily သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ နှစ်ဦးလုံးကိုလည်း ဇူလိုင် ၂၁ ရက်နေ့က မီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ တပ်မတော်က ဗဟန်းတရားရုံးမှာ ထပ်မံ တရားစွဲဆိုထားပါတယ်။










