DVB Logo
Home
မြန်မာသတင်း
The Voice သတင်းစာအမှုကို မီဒီယာဥပဒေအတိုင်းဆောင်ရွက်ရန် တောင်းဆို
DVB
·
June 5, 2017
The Voice သတင်းစာအမှုကို မီဒီယာဥပဒေအတိုင်းဆောင်ရွက်ရန် တောင်းဆို
Donate to DVB

The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ သရော်စာရေးသားတဲ့  ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်း ရဲစခန်းမှာ ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေအတိုင်း ဖြစ်သင့်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က မေလ ၅ ရက်နေ့က ကြေညာပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ကျည်ထောင်စုသစ္စာ ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ သရော်စာနဲ့ ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးတဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းမြို့နယ်ရဲစခန်းက ဇွန်လ ၂ ရက် ညနေမှာ ဖမ်းဆီးလိုက်တာပါ။

ဒီသရော်စာကြောင့် တပ်မတော်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းမှာလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေနဲ့ နည်းဥပဒေ တို့ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ ဒီဖြစ်စဉ်မှာ သဘောထားကြီးပြီး သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတို့နဲ့ပဲ  ဆက်လက် ဆောင်ရွက်သင့်တယ်လို့  မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအကျိုးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် မိမိရဲ့ ယုံကြည်ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်လို့ မြန်မာနိုင်ငံ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးလှုပ်ရှားနေတဲ့ ကဗျာဆရာ မောင်ဆောင်းခ က “ ကျနော် ပြောချင်တာက ဒီဖြစ်စဉ်ကြောင့် ဒီဥပဒေရဲ့ အားနည်းချက်တွေကို သိသာထင်ရှားသွားတာပေါ့။ ကိုယ်က ဘယ်လိုပဲ အနုပညာမြောက်အောင်ရေးရေး၊ နာမည်တွေ မပါအောင်ရေးရေး၊ သူတို့ကို အသရေဖျက်တယ်လို့ ယူဆရင် စွဲဆိုရတယ်ဆိုတဲ့ အခြေအနေကို ပိုမြင်လာရတာပေါ့” လို့ ပြောပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံရသူပေါင်း အရင်အစိုးရလက်ထက်က ၇ ဦးရှိခဲ့ပါတယ်။  လက်ရှိအစိုးရ လက်ထက်မှာတော့ တရားစွဲခံထားရသူ ၆၀ကျော်ရှိနေပြီဖြစ်ပြီး ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဖို့ ဝန်ကြီးဌာနကို တင်ပြထားတာ၊ ရဲစခန်းမှာ တိုင်ထားတဲ့ အမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013