
ပြင်သစ် လက်ယာစွန်းပါတီ National Rally ရဲ့ ဥက္ကဋ္ဌ မာရင်းလွေပန်းကို လာမဲ့နှစ် ၂၀၂၇ လွှတ်တော် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုမယ်လို့ အယူခံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို သူ့ရဲ့ မြောက်ပိုင်းပြင်သစ်မဲဆန္ဒနယ် ဟီနင်-ဘူးမွန့်မှာ နေထိုင်သူတွေက ဇူလိုင် ၇ ရက်က ကြိုဆိုခဲ့ကြပါတယ်။
အစောပိုင်းမှာ ပါရီအယူခံတရားရုံးက EU ရန်ပုံငွေတွေကို အလွဲသုံးစားပြုမှုအတွက် သူ့ရဲ့ပြစ်ဒဏ်ကို အတည်ပြုခဲ့ပေမဲ့ အစိုးရရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတဲ့ကာလကို လျှော့ချပေးခဲ့တာပါ။
သူဟာ တနှစ်ကြာအောင် အီလက်ထရောနစ် ခြေရာခံစနစ်ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုမဆို သူတို့က လွေပန်းအတွက် မဲပေးမယ်လို့ ရိုက်တာ သတင်းဌာနက လူတွေ့ မေးမြန်းခဲ့တဲ့ မဲရှင်တွေက အတည့်အလင်း ပြောခဲ့ကြပါတယ်။
လွေပန်းသာ ဝင်ပြိုင်ဖို့ ရွေးချယ်မခံရရင် သူ့အစား ဝင်ပြိုင်ဖို့ မျှော်လင့်ရတဲ့ ဂျော်ဒန် ဘာဒယ်လာ ကိုတော့ ထောက်ခံမှာ မဟုတ်ဘူးလို့ မဲရှင်တွေက ပြောပါတယ်။
လွေပန်းဟာ အရင်က အီလက်ထရွန်းနစ် စောင့်ကြည့်မှုအောက်မှာ ပြစ်ဒဏ်ကျခံနေရချိန်မှာ သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ တွန့်ဆုတ်နေမယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒါဟာ ရွေးကောက်ပွဲစည်းရုံးရေးကို အနှောင့်အယှက်ဖြစ်စေပြီး သူ့ရဲ့ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေလိမ့်မယ်လို့လည်း ဆင်ခြေပေး ပြောဆိုခဲ့ဖူးပါတယ်။
Source: Reuters










