DVB Logo
Home
နိုင်ငံတကာ
ရုရှားအပေါ်  ဆန်ရှင်ချမှတ်မှု အမေရိကန် ဆိုင်းငံ့၊ ယူကရိန်း ဝေဖန်
DVB
·
October 19, 2026
Photo: Kevin Lamarque/Reuters
Photo: Kevin Lamarque/Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတချို့ ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာဟာ မော်စကိုအစိုးရကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာ ဆက်ရှိနေစေဖို့ ဖြစ်တယ်ဆိုပြီး ပြောကြားပါတယ်။

အဲဒီနောက် “ရုရှားနဲ့ ယူကရိန်းကြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ဖို့ စေ့စပ်ညှိနှိုင်းပေးနေပါတယ်” လို့လည်း ထရမ့်ပ်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

အလားတူ ထရမ့်ပ်ရဲ့ Truth Social ပို့စ်ထဲမှာတင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ “ဒီစစ်ပွဲကို အဆုံးသတ်ချင်ပုံ မရပါဘူး။ အရင်ကတည်းက လုံး၀အဆုံးသတ်ဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်နိုင်ပါတယ်” ဆိုပြီး ဝေဖန်သွားပါတယ်။

ဒါ့အပြင် “အခုအနေအထားထက်စာရင် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက်ကို သူ့အနေနဲ့ ရယူခွင့်ရှိခဲ့တယ်” လို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဘက် ရပ်တည်မယ်ဆိုရင် “သမိုင်းမှာ အမှားကြီး မှားသွားလိမ့်မယ်” ဆိုပြီး ဇလန်းစကီးက ထရမ့်ပ်ကို တုံ့ပြန်ခဲ့တဲ့အလျောက် သဘောထားကွဲလွဲမှုတွေ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။

အခုလိုမျိုး ရုရှားအပေါ် ချမှတ်သွားမဲ့ အမေရိကန်ဆန်ရှင် အများအပြားကို အသက်မဝင်ခင် ၂ ရက်အလိုဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်တုန်းက သမ္မတ ထရမ့်ပ် အနေနဲ့ အမိန့်ထုတ်ပြီး ဆိုင်းငံ့ပေးခဲ့တာပါ။

အဲဒီဆန်ရှင်တွေကို အမေရိကန်လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပေးခဲ့ပြီး ဖြစ်သလို ထရမ့်ပ် ကိုယ်တိုင် ဥပဒေအဖြစ် စက်တင်ဘာလထဲမှာ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပိတ်ဆို့မှုတွေကြောင့်ပဲ အမေရိကန် အပါအဝင် ကမ္ဘာ့ဈေးကွက်ကိုပါ “အကြီးအကျယ် ထိခိုက်စေနိုင်တယ်” ဆိုပြီး ရုရှားအထူးသံတမန် ကီရယ်လ် ဒမစ်ထရီဗ်က သတိပေးထားပါတယ်။

လွန်ခဲ့တဲ့တပတ်က ရုရှားဒီဇယ်ဆီတွေ တင်သွင်းဖို့အတွက် အငြင်းပွားဖွယ်ရာ သဘောတူညီချက်တခုကို အမေရိကန်အနေနဲ့ ရယူခဲ့တဲ့အလျောက် ဝါရှင်တန်နဲ့ ကိယက်ဗ်ကြား ဆက်ဆံရေး အခြေအနေ ယိုယွင်းလာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013