DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင်  ငမိုးရိပ်ဆည်ရေလျှံနေ 
DVB
·
August 28, 2026
Photo: Nyamoeyeik ID
Photo: Nyamoeyeik ID
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ငမိုးရိပ်ရေလှောင်တမံမှာ ဩဂုတ် ၂၈ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ လောက်ကတည်းက ရေလျှံကျနေလို့ ငမိုးရိပ်ချောင်းတလျှောက်က ပြည်သူတွေ စိုးရိမ်နေကြပြီး သတိပြုနေထိုင်ကြဖို့ လိုအပ်နေပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း ငမိုးရိပ်ရေလှောင်တမံရဲ့ Facebook page က ထုတ်ပြန်တဲ့ အချက်အလက်အရ လက်ရှိမှာ ငမိုးရိပ်ရေရေလှောင်တမံရဲ့ ရေမှတ် ၁၀၇ ဒသမ ၁၀ ပေသို့ ရောက်ရှိနေပြီး ရေပိုလွှဲမှ ၀ ဒသမ ၁၀ ပေ ရေစကျော် နေတယ်လို့ သိရပါတယ်။

အခုရေကျော်မှုဟာ သာမန်သာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပေမဲ့ ငမိုးရိပ်ချောင်းတလျှောက်က ပြည်သူတွေကတော့ စိုးရိမ်မှုတွေရှိနေတယ်လို့ ရန်ကုန်မြို့ခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ငမိုးရိပ်ချောင်း ဖြတ်သန်းစီးဆင်းတဲ့ မြောက်ဥက္ကလာနေ ပြည်သူတယောက်က "မိုးနည်းနည်းရွာရင်တောင် ရေမျောကမ်းတင် ဖြစ်နေတာကို သူတို့ကသာမန်ပါလုပ်နေတာ။ ရေက ဘယ်အတိုင်းအတာထိ ဆက်ကျော်မယ်ဆိုတာလည်း မသိရဘူးလေ။ ဒီရက်ထဲ မိုးကလည်းကောင်းနေတော့ စိုးရိမ်မှုတော့ ရှိတာပေါ့" လို့ DVB ကို ပြောပါတယ်။

ငမိုးရိပ်ချောင်းဟာ ရန်ကုန်တိုင်းအတွင်းက မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တောင်းပိုင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်၊ မင်္ဂလာတောင်ညွန့်စတဲ့ မြို့နယ်တွေကိုဖြတ်သန်း စီးဆင်းပြီး ရန်ကုန်မြစ်အတွင်းကို စီးဝင်တဲ့ ချောင်းဖြစ်ပါတယ်။

တကယ်လို့ မိုးများပြီး ဆည်ရေအဆမတန်ကျော်ကျလာပါက အဆိုပါမြို့နယ်တွေရှိ အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးရေလျှံနိုင်ပြီး အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင်အဆိုပါ မြို့နယ်တွေဟာ မိုးများရုံနဲ့ ရေကြီးရေလျှံလေ့ရှိလို့ ငမိုးရိပ်ရေလှောင်တမံမှ ရေအဆမတန်ကျော် ကျလာရင် ရေဘေးနဲ့ကြုံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ငမိုးရိပ်ရေလှောင်တမံဟာ  ၂၀၁၇ နဲ့ ၂၀၂၃ ခုနှစ်အတွင်းက ၆ ပေကျော်အထိ ရေကျော်ကျခဲ့ဖူးပြီး ငမိုးရိပ်ချောင်းအတွင်း ရေစီဝင်မှုကြောင့် ချောင်းအနီး အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ  ဖြစ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013