DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
စပိန်အသင်း ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ
DVB
·
July 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းဟာ အမျိုးသားဘောလုံး ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာပါတယ်။

စပိန်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အချိန်ပိုမှာ ၂၀၂၂ ချန်ပီယံ အာဂျင်တီးနားကို ၁-၀ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပြီးနောက် ဇန်နဝါရီလနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။

ကမ္ဘာ့ဖလား ဒုတိယ ငွေတံဆိပ်ဆုရှင် အာဂျင်တီးနားအသင်းကတော့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ဒုတိယနေရာကို လျှောကျသွားခဲ့ပြီး ပြင်သစ်အသင်းကတော့ အဆင့် ၃ နေရာမှာ အပြောင်းအလဲမရှိဘဲ ဆက်လက်ရပ်တည်နေပါတယ်။

သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းကတော့ ပြင်သစ်ကိုနိုင်ပြီး တတိယ ကြေးတံဆိပ်ဆု ရခဲ့ပေမဲ့ အဆင့် ၄ နေရာမှာပဲ သတ်မှတ်ခံရပါတယ်။

ဘရာဇီးအသင်းက အဆင့် ၅ ကို မြင့်တက်လာခဲ့ပြီး မော်ရိုကိုအသင်းကတော့ နိုင်ငံအသင်းအတွက်  စံချိန်တင် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၆ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းကတော့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ၂ ဆင့်လျော့ကျကာ အဆင့် ၇ ကို ရောက်ရှိသွားပါတယ်။

ဘယ်လ်ဂျီယံအသင်းကတော့ အဆင့် ၈ ကို မြင့်တက်လာခဲ့ပြီး အဆင့် ၉ ကို လျှောကျသွားတဲ့  နယ်သာလန်အသင်းနဲ့ နေရာချင်း လဲလှယ်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းကလည်း ၄ ဆင့် မြင့်တက်လာခဲ့ပြီး ထိပ်သီး ၁၀ သင်း စာရင်းထဲ ဝင်ရောက်နိုင်ခဲ့ကာ နော်ဝေအသင်းတော့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပြီးနောက် ၁၂ ဆင့်အထိ ခုန်တက်ကာ အဆင့် ၁၉ ကို ရောက်ရှိခဲ့လို့ တိုးတက်မှုအကြီးမားဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ဂျာမနီအသင်းကတော့ ထိပ်သီး ၁၀ သင်းစာရင်းမှ ထွက်ခွာခဲ့ရပြီးနောက် အဆင့် ၁၂ ကို ကျဆင်းသွားခဲ့ကာ အဆင့် ၁၃ နေရာမှာတော့ ခရိုအေးရှားအသင်း ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်မရရှိခဲ့တဲ့ အီတလီအသင်းကတော့ အဆင့် ၁၅ ကို လျှောကျသွားခဲ့ကာ တူနီးရှားအသင်းက ၁၂ ဆင့်အထိ ကျဆင်းသွားခဲ့ပြီး အဆင့် ၅၇ ကို ရောက်ရှိကာ အနိမ့်ဆုံး ကျဆင်းခဲ့တဲ့အသင်း ဖြစ်ပါတယ်။

အီဂျစ်အသင်းကတော့ ၅ ဆင့် မြင့်တက်ကာ အဆင့် ၂၄ ရောက်ရှိခဲ့ပြီး ပါရာဂွေးအသင်းကလည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့ပြီးနောက် ၇ ဆင့် မြင့်တက်ကာ အဆင့် ၃၄ ကို ရောက်ရှိလာခဲ့ပါတယ်။

၃၂ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ကိပ်ဗာဒီအသင်းက ၃ ဆင့် မြင့်တက်ကာ အဆင့် ၆၄ ကို ရောက်ရှိခဲ့ပြီး ၈ ဆင့် မြင့်တက်လာတဲ့ ဂါနာအသင်းရဲ့ အထက် ၁ ဆင့်မှာ ရပ်တည်နေပါတယ်။

ပူးတွဲအိမ်ရှင် အမေရိကန်အသင်းက အဆင့်တဆင့် မြင့်တက်လာကာ အဆင့် ၁၆ မှာ ရပ်တည်နေပြီး ၁၆ အသင်း ရှုံးထွက်အဆင့်ထိ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ ကနေဒါကတော့ အပြောင်းအလဲမရှိ အဆင့် ၃၀ မှာ ဆက်လက် ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013