စပိန်နိုင်ငံ မက်ဒရစ်မြို့အနီး ရထားတိုက်မှုဖြစ်ပွားပြီး လူပေါင်း ၆၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကြောင့် အောက်တိုဘာ ၂၈ ရက်မှာ ကစားဖို့ရှိတဲ့ စပိန်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲစဉ် ၂၄ ပွဲလုံးကို စပိန်ဘောလုံးအဖွဲ့ချုပ်က ရပ်ဆိုင်းခဲ့ရပါတယ်။
ရပ်ဆိုင်းခဲ့တဲ့ပွဲစဉ်တွေထဲမှာ လီဗန်တေး၊ အလာဗက်စ်၊ ဗလင်စီယာ၊ ဆယ်လ်တာဗီဂိုနဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ရဲ့ ပွဲစဉ်တွေလည်း ပါဝင်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကတော့ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်မှာလည်း တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။
လက်ရှိမှာတော့ ကြာသပတေးနေ့ပွဲစဉ်တွေကို ရပ်ဆိုင်းထားခြင်း မရှိသေးသလို ရွှေ့ဆိုင်းလိုက်တဲ့ ပွဲတွေကို ဘယ်အချိန်မှာ ပြန်ကစားမလဲ ဆိုတာကိုတော့ အဖွဲ့ချုပ်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။











