DVB Logo
Home
အားကစား
ဘရာဇီးဂန္ထဝင် ရော်နယ်ဒို ဘောလုံးကစားသမားဘဝ အနားယူပြီးနောက် စိတ်ကျရောဂါ ခံစားခဲ့ရ 
DVB
·
July 11, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘရာဇီးဂန္ထဝင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီး နောက်ပိုင်းမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ၂ ကြိမ်အထိ ရယူခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ အသက် ၃၄ နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးလောကကနေ ထွက်ခွာဖို့ သူ့အတွက် အရမ်းခက်ခဲခဲ့ပြီး ကိုယ်အလေးချိန်လည်း အများကြီး တက်လာခဲ့တာပါ။ 

ဘောလုံးလောကကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်ရဲ့ အနီးကပ်ဆုံးလူတယောက် သေဆုံးသွားသလို ခံစားရတယ်လို့ အသက် ၄၉ နှစ်အရွယ် ရော်နယ်ဒိုက ပြောပါတယ်။

မကစားရတော့ဘူးဆိုတဲ့ အတွေးက သူ့ကို အရမ်းကို စိတ်ထိခိုက်စေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ ကြားကနေ ရော်နယ်ဒိုဟာ ဘဝမှာ တခြားလုပ်စရာတွေ ရှိတယ်ဆိုတာ သိလာပြီး သူ့ကိုယ်သူ ပြန်လည် ပုံဖော်နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုစိတ်ဓာတ်ကတော့ သူ့ဆီမှာ အချိန်အကြာကြီး ရှိနေခဲ့တာပါ လို့ ဆိုပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013