
နိုင်ဂျီးရီးယားနိုင်ငံ ဘော်နိုပြည်နယ်မှာ ထောက်လှမ်းရေးဦးဆောင်တဲ့ စစ်ဆင်ရေးတခုအပြီး နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက တောင်ပေါ်မှာ ပုန်းအောင်းရာနေရာကနေ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း အယောက် ၃၆၀ ကို လွတ်မြောက်အောင် လုပ်ပေးခဲ့တယ်လို့ စစ်တပ်က ဇွန် ၇ ရက်မှာ ပြောပါတယ်။
အနောက်အာဖရိကနိုင်ငံ အစိုးရဟာ နိုင်ငံအလယ်ပိုင်းက မွေးမြူရေးသမားတွေကြား ပဋိပက္ခတွေကနေ ပြန်ပေးဆွဲဂိုဏ်းတွေ၊ အစ္စလာမ္မစ်စစ်သွေးကြွတွေနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ လူထုကာကွယ်ရေး စစ်တပ်တွေအထိ မလုံခြုံမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်ပေါင်းများစွာ ရုန်းကန်နေရပါတယ်။
ပြန်ပေးဆွဲခံရသူတွေကို ပြည်နယ်တောင်ပိုင်း မန်ဒါရာတောင်တန်းတွေရဲ့ တောနက်တွေကြားမှာ ဂျမာအာတူ အာလစ်ဆွန်နာ လစ်ဒါအဝါတီဝယ် ဂျီဟဒ် (JAS) လို့ လူသိများတဲ့ အဖွဲ့ကနေ ဖမ်းဆီးထားတာလို့ စစ်တပ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
JAS ဟာ ဘိုကိုဟာရမ်အဖွဲ့ထဲက အဓိကအဖွဲ့ခွဲရဲ့ တရားဝင် အာရဗီ နာမည်လည်း ဖြစ်ပါတယ်။
ဓားစာခံတွေကို ဒေသထဲက အသိုက်အဝန်း အမျိုးမျိုးကနေ မသတ်မှတ်ရသေးတဲ့ ကာလအတွင်း ဖမ်းဆီးခဲ့တာပါ။
ကယ်ဆယ်ရေးလုပ်ငန်းကို အထူးတပ်ဖွဲ့တွေပါတဲ့ ပူးတွဲအထူးတပ်ဖွဲ့တခုက ဆောင်ရွက်ခဲ့ပြီး JAS တိုက်ခိုက်ရေးသမားတွေကို သူတို့ရဲ့နေရာတွေကနေ စွန့်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကလေး ၂ ယောက်ကတော့ ပင်ပန်းနွမ်းနယ်တာနဲ့ ဓားစာခံတွေ အဖမ်းခံထားရတဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့် သေဆုံးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံတဝန်းက ပြန်ပေးဆွဲမှုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာတဲ့ ကိစ္စဟာ ဇန်နဝါရီလမှာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲအတွက် အဓိကပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
Source: Reuters











