
အိန္ဒိယမြောက်ပိုင်း လာဒက်ခ်ဒေသမှာ မတ် ၂၇ ရက်က နှင်းထုပြိုကျမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
နှင်းထုပြိုကျမှုကြောင့် ဟိမဝန္တာတောင်တန်းရှိ ဇိုဂျီလာတောင်ကြားလမ်းကို ထိမှန်ခဲ့ပြီး မော်တော်ယာဉ် အများအပြား အပျက်အစီးတွေအောက်မှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့တွေကို အသင့်အနေအထားရှိဖို့ ညွှန်ကြားထားတယ်လို့ လာဒက်ခ်ဒေသရဲ့ အုပ်ချုပ်ရေးမှူး ဗီနိုင်ကူးမား ဆက်ခ်စီနာက ပြောပါတယ်။
နှင်းဖုံးတောင်တန်းတွေနဲ့ ခရီးသွားလုပ်ငန်းကြောင့် နာမည်ကြီးတဲ့ ဟိမဝန္တာဒေသမှာ အရင်ကလည်း နှင်းထုပြိုကျမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပွားခဲ့ဖူးပါတယ်။
Source: Reuters











