DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံ မြန်မာ ၁၂၅ ဦးကို မလေးရှားက ပြန်ပို့မည်
DVB
·
September 24, 2026
Photo : DVB
Photo : DVB
Donate to DVB

မလေးရှားနိုင်ငံ လ၀ကထိန်းသိမ်းရေးစခန်းတခုဖြစ်တဲ့ ပကန်နာနက်စ်စခန်းက မြန်မာနိုင်ငံသား ၁၂၅ ယောက်ကို ဒီကနေ့ စက်တင်ဘာ ၂၄ ရက်မှာ  အမ်အေအိုင်လေကြောင်းနဲ့ ပြန်ပို့မယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 

သူတို့အားလုံးကို လေယာဉ်အမှတ် 8M-502 နဲ့ 8M-504 ၂ စီးဖြင့် မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်မယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က မလေးလ၀ကထိန်းသိမ်းရေးစခန်းတခုဖြစ်တဲ့ တာနာမဲရားစခန်း မှာ မြန်မာ ၈၆ ယောက်ကိုလည်း လေကြောင်းကနေ ပို့ဆောင်ပေးပြီးလို့ သံရုံးက ပြောပါတယ်။

ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကိုလည်း တာဝန်ရှိသူ မဟုတ်သူတွေက ငွေကြေး လိမ်လည်တောင်းခံတာတွေ ရှိတဲ့အတွက် သတိထား ဆောင်ရွက်ကြဖို့ လည်း မြန်မာသံရုံးက သတိပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ၂၀၂၆ ဇန်နဝါရီလကနေ စက်တင်ဘာ ၁၇ ရက်အထိ စီမံချက်အရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အယောက် ၅၇,၀၀၀ ကို ထိန်းသိမ်းခဲ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အများဆုံး ပါဝင်ခဲ့တယ်လို့ မလေးရှား သတင်းဌာနတခုက ဖော်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သိန်းနဲ့ ချီ ရှိနေပြီး တရား၀င်နေထိုင်သူတွေနဲ့ တရားမ၀င် နေထိုင်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013