DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်၌ မီဒီယာသမားများ ဖမ်းဆီးခံနေရမှု စိုးရိမ်စရာအခြေအနေဖြစ်လာဟု အီးယူသတိပေး
DVB
·
July 3, 2017
မြန်မာပြည်၌ မီဒီယာသမားများ ဖမ်းဆီးခံနေရမှု စိုးရိမ်စရာအခြေအနေဖြစ်လာဟု အီးယူသတိပေး
Donate to DVB

 

မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံနေရတာဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်လာတယ်လို့ ဥရောပ သမဂ္ဂ (အီးယူ)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

သတင်းထောက်တွေ ဖမ်းဆီး ခြိမ်းခြောက် တရားစွဲဆိုတာ မခံရပဲ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေအကာအကွယ်တွေပေးဖို့ အစိုးရကို သူတို့က တောင်းဆိုပါတယ်။

လွတ်လပ်စွာ တွေးခေါ်ထုတ်ဖော်တဲ့ အခွင့်အရေးဟာ လူသားအားလုံးကို ခွင့်ပြုထားတဲ့ လူ့အခွင့်အရေးဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကို အခြေပြုတဲ့ တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့ အခြေခံ အချက်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကြေညာချက်ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ ဥရောပနိုင်ငံသံရုံးတွေရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013