DVB Logo
Home
နိုင်ငံတကာ
နီပေါ ရေအားလျှပ်စစ်ဥမင်များထဲ ပိတ်မိသူ ရာချီရှိ၊ ပျောက်ဆုံးသူ ၄,၀၀၀ ကျော်လာ
DVB
·
August 31, 2026
Photo: Nepal Prime Minister's Office/Handout via REUTERS
Photo: Nepal Prime Minister's Office/Handout via REUTERS
Donate to DVB

နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့ ရုတ်တရက်ရေကြီးမှုအပြီး ရေအားလျှပ်စစ်စီမံကိန်းဥမင်တွေထဲ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လူရာနဲ့ချီကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။

ရေဘေးဒဏ်သင့်ဒေသက ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်သူ ၉၃၃ ယောက် ပျောက်ဆုံးနေပါတယ်။ 

အဲဒီထဲကမှ ရာနဲ့ချီပြီးတော့ ရွှံ့နဲ့ ကျောက်တုံးတွေပိတ်ဆို့နေတဲ့ ဥမင်တွေထဲ ပိတ်မိနေနိုင်တယ်လို့ နီပေါအာဏာပိုင်တွေက ယူဆထားပါတယ်။

တရုတ်နဲ့ အိန္ဒိယက ဥမင်ကယ်ဆယ်ရေးကျွမ်းကျင်သူတွေလည်း နီပေါအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဥမင်တွေ ဖွင့်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ဩဂုတ် ၃၁ ရက် အစောပိုင်းအထိ ဥမင်ထဲက ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။

ဩဂုတ် ၃၁ ရက် အစောပိုင်းစာရင်းအရ နီပေါမှာ သေဆုံးသူ ၉၀၃ ယောက်အထိ မြင့်တက်လာပြီး စုစုပေါင်း ပျောက်ဆုံးသူ ၄,၂၄၇ ယောက် ရှိလာပါတယ်။

ပျောက်ဆုံးသူတွေထဲမှာ နီပေါနိုင်ငံသား ၃,၆၅၅ ယောက်၊ နိုင်ငံခြားသား ၅၉၂ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၂ ယောက်လည်း ပါဝင်ပါတယ်။ 

နီပေါအစိုးရက ကယ်ဆယ်ရေးလုပ်ငန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁,၀၀၀ နီးပါး ဖြန့်ချထားပြီး ရာသီဥတုဆိုးရွားမှုနဲ့ မြေပြင်အခြေအနေခက်ခဲမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အကြိမ်ကြိမ် ရပ်နားခဲ့ရပါတယ်။ 

နယ်စပ်တဖက် တိဘက်ဒေသမှာလည်း သေဆုံးသူ ၁၆ ယောက်နဲ့ ပျောက်ဆုံးသူ ၅၄၆ ယောက် ရှိပြီး တရုတ်ဘက်က ကယ်ဆယ်ရေးသမား ၂,၁၀၀ ကျော် ဖြန့်ကြက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013