
အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ဇွန် ၃၀ ရက်က ကျင်းပခဲ့ပြီး ၂ နိုင်ငံ ပြည်သူလူထုအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကို အလေးပေး ဖော်ပြခဲ့ပါတယ်။
ဒီအခမ်းအနားကို အမေရိကန်သံရုံး ယာယီတာဝန်ခံ ဒေါက်ဂလပ်စ် ဆွန်နက်ခ်က ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း၊ စီးပွားရေးနဲ့ ပညာရေး နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။
အမေရိကန်နဲ့ မြန်မာပြည်သူတွေအကြား ပညာရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ခြင်းတွေကတဆင့် ဆက်ဆံရေးကို ဆက်လက်ခိုင်မာအောင် တည်ဆောက်သွားမယ်လို့ သံရုံးယာယီတာဝန်ခံက ပြောပါတယ်။
လက်ရှိ ခက်ခဲတဲ့ကာလတွေမှာ မြန်မာနိုင်ငံသားတွေရဲ့ ကြံ့ခိုင်မှုကို ချီးကျူးပြီး ငြိမ်းချမ်းပြီး ဒီမိုကရေစီဆန်တဲ့ အနာဂတ်အတွက် အမေရိကန်က ဆက်လက်ရပ်တည်ပေးသွားမယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ဟာ နှစ်စဉ် ဇူလိုင် ၄ ရက်နေ့မှာ ကျရောက်တာ ဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှာတော့ နှစ် ၂၅၀ ပြည့်မြောက်တာ ဖြစ်ပါတယ်။











