အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီနဲ့ ကွန်ဂရက်ပါတီဝင်တွေ ဇူလိုင် ၂၁ ရက်က နယူးဒေလီမြို့တော်မှာရှိတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ အိမ်အပြင်ဘက်မှာ ဆန္ဒပြနေတုန်း အဖမ်းခံရပါတယ်။
အတိုက်အခံခေါင်းဆောင်တွေဟာ တနင်္လာနေ့က Gen Z ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်ကိုလည်း ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဂျီတန်ဒရာဆင်းက မိုဒီရဲ့ အာမခံချက်ကို ထပ်လောင်းပြောရင်း မေးခွန်းပေါက်ကြားမှု ဖြစ်စဉ်တွေအတွက် တာဝန်ရှိသူတွေဟာ အပြင်းထန်ဆုံးပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမယ်လို့ ပြောခဲ့ပါတယ်။
စာမေးပွဲတွေနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ ဒေါသနဲ့ ဆန္ဒပြမှုတွေဟာ ဝန်ကြီးချုပ်ရဲ့ တတိယသက်တမ်းမှာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။
Source: Reuters











