DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ကမ်းပါးပြိုမှုကြောင့် ကျွန်းကြီးကျေးရွာလုံးကျွတ် ပြောင်းရွှေ့ရမည့်အရေး စိုးရိမ်နေရ
DVB
·
June 11, 2017
မုံရွာတွင် ကမ်းပါးပြိုမှုကြောင့် ကျွန်းကြီးကျေးရွာလုံးကျွတ် ပြောင်းရွှေ့ရမည့်အရေး စိုးရိမ်နေရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာရှိ ချင်းတွင်းမြစ် ကမ်းပါးပြိုမှုကြောင့် ကျေးရွာပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ကျေးရွာအနောက်မြောက်ဘက် မြစ်ကမ်းပါးမှာရှိတဲ့ ရေတားပြုလုပ်ထားတဲ့ အနီးနားမှ ဝဲကတော့များထိုးကာ ရေလှိုက်စားနေတာကြောင့် အခုလို ပြိုတာဖြစ်တယ်လို့ သိရပါတယ်။

ကျွန်းကြီးကျေးရွာသား ကိုကျောက်ခဲက “မနှစ်က ကျေးရွာသုသာန် ကမ်းပါးပြိုတဲ့ထဲ ပါသွား တယ်။ အခုထိ ရွာနာရေး ရှိတယ်ဆိုရင် အလောင်းကို မြေလွတ်တဲ့ နေရာလေး ရွေးပြီး ကပ်ချရ တယ်။ ကမ်းပါးပြိုလို့ အိမ်ခြေတွေက တစတစရွှေ့လာခဲ့ကြတာ။ ကြာရင် ရွာပါပျောက်တော့မယ်။ အခုလုပ်ထားတဲ့ ရေတားက မျောတိုင်စိုက်ပြီး အောက်ခြေက ကျောက်ပဲချထားတာ။ နောက်ပြီး အလည်က ဝါးကပ်ညှပ်ထားတယ်။ မရဘူး။ ရေတိုက်စားပြီး ဝဲဆောင့်ထိုးရင် ပျက်မှာပဲ" လို့ ပြောပါတယ်။

ကျွန်းကြီးကျေးရွာမှာ အခုလို ကမ်းပါးပြိုတာကြောင့် ၂၀၁၅ ခုနှစ်ကလည်း အိမ်ခြေ ၄၀ နီးပါး ပြောင်းရွှေ့ခဲ့ရပြီး အိမ်ခြေတချို့မှာ နတ်ကြီးကျွန်းကျေးရွာထဲ ပြောင်းရွှေ့နေထိုင်နေရ တယ်လို့ သိရပါတယ်။

ကျွန်းကြီးကျေးရွာမှာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး အများစုမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ပရိဘောဂ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013