DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရ မှာယူထားသည့် YBS လက်ကျန်ယာဉ် ၆၅၀ ဇွန်လ ၉ ရက်နေ့ ရောက်မည်
DVB
·
June 6, 2017
ရန်ကုန်တိုင်းအစိုးရ မှာယူထားသည့် YBS လက်ကျန်ယာဉ် ၆၅၀ ဇွန်လ ၉ ရက်နေ့ ရောက်မည်
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ မှာယူထားတဲ့ ကားတွေထဲက ကျန်နေတဲ့ အစီး ၆၅၀ ဇွန်လ ၉ ရက်နေ့ နောက်ဆုံးရောက်ရှိမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံက မှာယူထားတဲ့ ဒေါ်လာ ၅၆၀၀၀ တန် YuTong အမှတ်တံဆိပ် ကားအစီးရေ ၁၀၀၀ ထဲက ကား ၃၅၀ ဟာ ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ဒီနေ့ အစီး ၃၅၀ ရောက်မယ်။ ဇွန်လ ၉ ရက်နေ့ကျရင် အစီး ၃၀၀ ထပ်ရောက်မယ်။ အိုဟောင်းယာဉ်တွေနေရာမှာ အစားထိုးမယ်။ လိုအပ်တဲ့ ကုမ္ပဏီတွေကို ဖြည့်သွားမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အများပိုင်ကုမ္ပဏီ တချို့က မှာယူထားတဲ့ ကားအစီး ၁၀၀၀ လောက်လဲ ဒီလထဲမှာ ထပ်ရောက်မှာဖြစ်တဲ့ စုစုပေါင်း ဇွန်လထဲမှာ ကားသစ် ၂၀၀၀ လောက် ရောက်ရှိလာမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013