DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ရေကြီးမှု အနည်းဆုံး ၂ ဦးသေဆုံး၊ ၂၃၀ ကျော် ကယ်တင်
DVB
·
July 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

သေဆုံးသူတွေဟာ ကွန်းမ်ဖော့တ်မြို့အနီးမှာ အပန်းဖြေနောက်တွဲယာဉ် (RV) နဲ့အတူ ရေစီးထဲ မျောပါသွားတဲ့ အမျိုးသားတယောက်နဲ့ ယူးဗာလ်ဒီမြို့မှာ ရေလွှမ်းနေတဲ့လမ်းပေါ် ကားမောင်းနေချိန် မျောပါသွားတဲ့ အမျိုးသမီးတယောက်တို့ ဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ရေဘေးသင့်သူ ၂၃၀ ကျော်ကို ကယ်ဆယ်ပေးခဲ့ရပြီး ပြည်နယ်အတွင်းက ခရိုင် ၅၉ ခုမှာ ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

သောကြာနေ့ မနက်ပိုင်းအထိ အန္တရာယ်ရှိတဲ့ ရေကြီးမှုတွေ ဆက်ဖြစ်နိုင်သလို လေဆင်နှာမောင်းလည်း တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့အထိ အဲဒီဒေသမှာ မိုးရေချိန် ၁၀ လက်မကနေ ၁၅ လက်မအထိ ရွာသွန်းခဲ့ပြီး ကြာသပတေးနေ့ မနက်ပိုင်းမှာလည်း နောက်ထပ် ၁၀ လက်မကနေ ၁၅ လက်မအထိ ထပ်ရွာမယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုးရွားဆုံး ရေကြီးမှုဒဏ်ခံရတဲ့ နေရာကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းကလည်း ရေကြီးမှုဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ နူးဆေးစ် မြစ်ဝှမ်းဒေသ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး အက်ဘော့တ်က “ဒါဟာ စံချိန်တင်လောက်မဲ့ ရေကြီးမှုမျိုး ဖြစ်လာနိုင်တယ်” လို့ ပြောခဲ့ပြီး လက်ရှိမှာ ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေတဲ့ ရေဘေးသင့်သူတွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်နေရတဲ့ ကိုယ်ခန္ဓာတပ်ဆင်ကင်မရာ မှတ်တမ်းဗီဒီယိုတွေလည်း ထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ကာဗေးလ်မြို့မှာလည်း မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းနေပြီး ပြင်းထန်တဲ့ ရေကြီးမှုတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာမှာ ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ဒီဒေသဟာ ပြီးခဲ့တဲ့နှစ်က ရုတ်တရက် ရေကြီးမှုကြောင့် လူငယ်အများအပြား သေဆုံးခဲ့ရတဲ့ ဂွါဒါလူးပီမြစ်ဘေးက ခရစ်ယာန်မိန်းကလေး နွေရာသီစခန်း ရှိရာနေရာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ တက္ကဆက်ပြည်နယ်တင်မကဘဲ အရီဇိုးနားပြည်နယ် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေ၊ ယူတာပြည်နယ် တောင်ပိုင်းက ကန်ညွန် ချောက်ဒေသတွေမှာလည်း မုတ်သုံမုန်တိုင်းကြောင့် ရုတ်တရက် ရေကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးတရစပ်ရွာသွန်းပြီး ရေကြီးနေတဲ့ အခြေအနေဟာ ရော့ကီးတောင်တန်း၊ မြောက်ပိုင်းလွင်ပြင်၊ ဂရိတ်လိတ်ခ်စ်နဲ့ အတ္တလန္တိတ် အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ကာလရှည် အပူလှိုင်းဖြတ်မှု၊ အိုက်စပ်စိုစွတ်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ တချိန်တည်း ကြုံတွေ့နေရတာ ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013