DVB Logo
Home
မြန်မာသတင်း
သမ္မတ ပြောခွင့်ရသူကို လူမှုကွန်ရက်တွင် Comment ရေးသူ ၆၈ နှစ်‎ အဘွားအို ဖမ်းဆီးခံရ
DVB
·
June 8, 2026
သမ္မတ ပြောခွင့်ရသူကို လူမှုကွန်ရက်တွင် Comment ရေးသူ ၆၈ နှစ်‎ အဘွားအို ဖမ်းဆီးခံရ
Donate to DVB

‎လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်အောက်မှာ Comment ဝင်ရေးတဲ့ ပဲခူးမြို့နယ်က အသက် ၆၈ နှစ်အရွယ် အဘွားအိုတယောက်ကို အာဏာရှင်စစ်တပ် လက်အောက်ခံ ရဲတွေက ဇွန် ၅ ရက်က ဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေဆီက သိ‎ရပါတယ်။

‎စစ်အာဏာရှင်လက်အောက်ခံရဲတွေက ဇွန် ၅ ရက် ည ၇ နာရီခွဲက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွ‎က် မှော်ကန် ၁ လမ်းမှာ နေထိုင်တဲ့ အသက် ၆၈ နှ‎စ်အရွယ် ဒေါ်ကျင်စိုးကို ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“သမ္မတပြောရေးဆိုခွင့် ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ ဇော်မဲလုံးညီမလား ဆိုပြီး သဘောရိုးနဲ့ မန့်လိုက်တာကို ဘောမတွေက စကရင်ရှော့ယူ နေရပ်လိပ်စာ စုံစမ်းပြီး အတင်းဖမ်းခိုင်းလို့ ရဲတွေက လာဖမ်းတာ။ ဒါလေးမန့်တာ ဘယ်လောက်‎တောင် အပြစ်ကြီးသွားလို့လဲ။ သူ မန့်တဲ့အထဲမှာ ဘာတွေ ထိခိုက်တာဘာရှိလဲ။ အသက်လည်း ကြီးနေပြီ။ ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘူး။” 

ဇွန် ၄ ရက်က စစ်အာဏာရှင် လော်ဘီချန်နယ်‎တွေက မှတ်ချက် စကရင်ရှော့နဲ့ ဒေါ်ကျင်စိုး အသုံးပြုနေတဲ့ Daw Kyin Soe ဖေ့စ်ဘွတ်ခ်အကောင့်မှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက တင်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ ဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်။

အာဏာရှင်စစ်တပ်က ဇွန် ၇ ရက်က ထုတ်ပြန်တဲ့ ဒေါ်ကျင်စိုး ဖမ်းဆီးရမိတဲ့သတင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်ထောင်စုလွှတ်‎တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ပတ်သက်‎တဲ့ ပို့စ်တွေ မျှဝေ (Share) ခဲ့တာကြောင့် ဖမ်းဆီးတာလို့ ပါရှိပြီး ဘယ်ပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ ဖော်ပြထားခြင်း မရှိပေ။

ဇွန် ၆ ရက် ညပိုင်းကလည်း အာဏာရှင်သမ္မ‎တမင်းအောင်လှိုင်ကို ဖားယားပြီး သီဆိုထားတဲ့ “လရောင်အောက်က ကုမုဒြာ” သီချင်းအောက်မှာ မှတ်ချက်ရေးခဲ့တဲ့ တောင်ကြီးမြို့နယ်က အမျိုးသမီးတယောက်ကို  စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013