DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် အမှိုက်ပုံ မီးလောင်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပေါ်၊ မီးငြှိမ်းသတ်နေရဆဲ
DVB
·
May 21, 2017
မုံရွာတွင် အမှိုက်ပုံ မီးလောင်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပေါ်၊ မီးငြှိမ်းသတ်နေရဆဲ
1 / 4
Donate to DVB

 

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်နယ်မြေအတွင်း စည်ပင်က လာရောက်စွန့်ပစ်နေတဲ့ အမှိုက်ပုံမှာ မေ ၂၀ ရက်နေ့ကစတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေတာကြောင့် ရပ်ကွက်အတော်များများမှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပါတယ်။

ချမ်းမြဝတီ၊ သလ္လာ၊ ပြည်တော်သာ၊ မြဝတီ၊ ရှောက်ခါး၊ ဘုန်းစိုး၊ ချမ်းမြသာစည် စတဲ့ရပ်ကွက်နေမှာ နေ့ရောညပါ ညော်နံ့တွေပျံ့နှံ့နေပြီး လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှိုက်ပုံကနေ မီးလောင်မှုကြောင့် ထွက်ပေါ်လာတဲ့ ညော်နံ့တွေကြောင့် အနီးအနားက လူတွေမှာ မျက်လုံးကျိန်းစပ်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက "မီးလောင်တာက အမှိုက်တွေ ဓာတု ဓာတ်ပြုလို့လောင်တာဖြစ်တယ်။ လူကြောင့် လောင်တာလည်း ပါတယ်။ မနေ့ကတည်းက တာဝန်သိပြည်သူတွေရဲ့ အသိပေး အကြောင်းကြားလို့ လာရောက်ငြှိမ်းသတ်နေတာ။ ဘက်ဟိုးတစ်စီးအပြင် မီးသတ်ကား အစီး၂၀၊ တပ်ဖွဲ့ဝင်အင်အား ၁၀၀နဲ့ လုပ်ဆောင်နေပါတယ်။ ရေဂါလံ ၅သောင်းကျော် အသုံးပြုပြီးသွားပြီ။ လေထုညစ်ညမ်းမှုက အထိုက်အလျောက်တော့ လျော့ပါးသွားပါပြီ။ မီးကတော့ နိုင်နင်းတဲ့အဆင့်ရောက်ပြီဆိုပေမယ့် နောက်ထပ် ၂ရက်လောက်တော့ ငြှိမ်းသတ်ရဦးမယ်။" လို့ ဒီဗွီဘီကိုပြောပါတယ်။

မုံရွာက ထွက်တဲ့အမှိုက်က တစ်နေ့ကို တန် ၁၀၀ လောက်ရှိပြီး ၂၅ ဧကဝန်းကျင်ကျယ်တဲ့ ကွင်းပြင်မှာနေရာသစ်မှာ လာရောက်စွန့်ပစ်နေတာ ၁ လောက်ရှိပြီဖြစ်ပါတယ်။

အမှိုက်ပုံကထွက်လာတဲ့ အနံ့အသက်ဆိုးတွေကြောင့် ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအပါအဝင် လူနေအိမ်တွေက အနံ့အသက်ဆိုးကိုမခံစားနိုင်လို့ သက်ဆိုင်ရာကို တိုင်ကြားတာတွေလည်းရှိတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013