DVB Logo
Home
နိုင်ငံတကာ
နေတိုးမဟာမိတ်အဖွဲ့  စစ်ရေးတိုးချဲ့မည့်အပေါ်  မြောက်ကိုရီးယား ရှုတ်ချ
DVB
·
July 12, 2026
Photo: KCNA via REUTERS/File Photo
Photo: KCNA via REUTERS/File Photo
Donate to DVB

အခုသီတင်းပတ် နေတိုးထိပ်သီးအစည်းအဝေးအပြီးမှာ စစ်ရေးအုပ်စုတွေ ပိုတောင့်တင်းလာအောင် လုပ်တာနဲ့ လက်နက်တွေအပြိုင်အဆိုင် တိုးမြှင့်နေတာတွေအတွက် မြောက်ကိုရီးယားက အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေကို ဇူလိုင် ၁၁ ရက်မှာ  ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားဝင်အချုပ်အခြာအာဏာ ကျင့်သုံးမှုကို ခြိမ်းခြောက်မှုတခုအဖြစ် နေတိုးခေါင်းဆောင်တွေက ပုံဖော်နေကြတာကို ပြုံယမ်းအစိုးရက ရှုတ်ချလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဟာ စစ်လက်နက်အသုံးစရိတ်တွေ တိုးမြှင့်တာ၊ အာရှ-ပစိဖိတ်ဒေသက မဟာမိတ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်အောင်လုပ်တာတွေကတဆင့် အုပ်စုဖွဲ့ထိပ်တိုက်တွေ့ဖို့ ပိုပြီးအားသန်လာတာကို ပြသလိုက်တာပဲလို့ ဝန်ကြီးဌာနက ပြောပါတယ်။ 

ဥရောပနဲ့ အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အထိခိုက်ခံပြီး သူတို့ရဲ့ သီးသန့် ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေကိုပဲ လိုက်လံရှာဖွေနေတဲ့ နေတိုးအဖွဲ့ဟာ စစ်ပွဲနဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ဦးတည်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်ဆိုတာ ဒီထိပ်သီးအစည်းအဝေးက သက်သေပြလိုက်တာပဲလို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။

အင်္ဂါနေ့က တူရကီမှာလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာတော့ ဥရောပမဟာမိတ်နိုင်ငံတွေအနေနဲ့ မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပိုပြီးတာဝန်ယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆက်တိုက်ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်မှာပဲ တာဝန်ရှိသူတွေက စစ်ဘက်ဆိုင်ရာဝယ်ယူမှုနဲ့ စက်မှုလုပ်ငန်းသဘောတူညီချက်တွေအတွက် ဒေါ်လာဘီလီယံ ၅၀ ကျော် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပြိုင်ဘက် တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ဆိုးလ်အနေနဲ့ နေတိုးမဟာမိတ်တွေနဲ့အတူ ခေတ်ရှေ့ပြေးနည်းပညာတွေအပါအဝင် သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လက်နက်စနစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားဖို့ မျှော်လင့်တယ်လို့ အစည်းအဝေးပြင်ပမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013